လူတိုင်းမှာ “၂၄နာရီ” စီရှိကြပါတယ်။ ဒါပေမယ့် အသုံးချပုံချင်းကတော့ တူညီမယ်မထင်ပါဘူး။
ကျွန်တော်တို့လက်ရှိလုပ်နေတဲ့အရာတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ အနာဂတ်တွေပါ။ ကောင်းတာလုပ်ရင် ကောင်းတဲ့အနာဂတ်တွေ ဖန်တီးလို့ရမယ်။ ​ဆိုးတာလုပ်ရင် ကျွန်တော်တို့ အနာဂတ်ဟာ မလွဲမသေ ဆိုးနေပါလိမ့်မယ်။ ဒါဟာရှောင်လွဲလို့မရတဲ့ အမှန်တရားတစ်ခုပါ။
လူတိုင်းမှာရှိတဲ့ “၂၄” နာရီဆိုတဲ့အချိန်အတွင်းမှာ အရမ်းကိုတန်ဖိုးရှိတဲ့ ၁ နာရီရှိတယ်။ အဲ့ ၁နာရီမှာ လုပ်တဲ့ လုပ်ရပ်ဟာ ကျန်တဲ့ “၂၃”နာရီ အပေါ်မှာ သက်ရောက်မှု အများကြီး ရှိနေတယ်။
(ဥပမာ တစ်ခု​လေးနဲ့ ပြောပြမယ်- မနက်စောစောစီးစီး အိမ်နဲ့ပြဿနာတက်တယ် ပြဿနာတက်နေတော့ စကား​များပြီး အလုပ်နောက်ကျတယ် အိမ်မှာ ဖြစ်လာတဲ့ ပြဿနာက တနုတ်နုတ်နဲ့ ဒေါသထွက်နေတော့ မြင်မြင်သမျှ တွေ့သမျှကို အကောင်းမမြင်တော့ဘူး ဒေါသထွက်လာတယ် အလုပ်မှာလည်းတစ်နေကုန် ဘာလုပ်လုပ် အဆင်မပြေတော့ဘူး ။ အဲ့လိုမျိုးဖြစ်ဖူးတဲ့ ရက်တွေ ကြုံဖူးပါလိမ့်မယ်။)
ကျွန်တော်တို့ ဦးနှောက်ထဲမှာ ရှိတဲ့ အတွေးတွေက ချိန်းကြိုးတွေနဲ့ တူတယ်။ ကောင်းတဲ့အတွေးတွေခေါင်းထဲမှာရှိရင် ပတ်ဝန်းကျင်မှာ မြင်သမျှ တွေ့သမျှ ကြားသမျှ အရာအားလုံးက ကောင်းတဲ့အရာတွေ ပဲတွေ့ကြုံရပါလိမ့်မယ်။
ဗုဒ္ဓဟောကြားခဲ့တဲ့ “ကျွန်တော်တို့တွေးလိုက်တဲ့အရာတိုင်းဟာ တကယ်ကိုဖြစ်လာပါတယ်တဲ့”
ဒါကြောင့် မနက်ခင်းမိုးလင်း အိပ်ရာနိုးတာနဲ့ အလေ့
အကျင့်ကောင်း ချိန်းကြိုး လေးနဲ့စတင်ဖို့အရေးကြီးတယ်။
ဒီ positive mindset ချိန်းကြိုးအပိုင်းစလေး ဖန်တီးဖို့အတွက် မနက် အိပ်ရာထထချင်း အချိန် ၁နာရီလေးပဲ လိုအပ်ပါတယ်။ ဟုတ်ပါတယ် တကယ့်ကိုတန်ဖိုးရှိတဲ့ “Golden Hour” လေးပါ။
ဒါကြောင့်ဒီနေ့မှာ Golden Hour လေးအသုံးချပုံကိုဒီနေ့မှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီအချိန် “၁နာရီ” ကို အကြမ်းအားဖြင့် “မိနစ် ၂၀” ဆီအပိုင်း
၃ ပိုင်း ပိုင်းလိုက်လို့ရတယ်………
🕢 ပထမဆုံး “မိနစ်၂၀” မှာ-
၁။ ပထမဆုံး ၅မိနစ်မှာ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်နဲ့
မလှုပ်မယှက် အိပ်ထားတဲ့ ခန္ဓာကိုယ်ကြီးက ညောင်းချိနေနိုင်တဲ့အတွက် အကြောလျော့ တဲ့လေ့ကျင့်ခန်းလေးတွေ ၅ မိနစ်လောက်လုပ်လိုက်ပါ။
၂။ပြီးရင် ၁၅မိနစ် တရားထိုင်ပါ။(တရားထိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာမှ ထိုင်တာမဟုတ်ပါဘူးခင်ဗျာ။ ကိုယ့်ရဲ့စိတ်ကို ကောင်းကောင်းထိန်းချုပ်နိုင်အောင် လေ့ကျင့်တဲ့ နည်းလမ်းလေး​တစ်ခုပဲ ဖြစ်ပါတယ်။)
🕢 ဒုတိယ “မိနစ် ၂၀” မှာ-
၁။ ၁၀ မိနစ်လောက်အတွင်း သွေးလည်ပတ်အားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ အဓိကလုပ်သင့်ပါတယ်။ ဥပမာ အပြေးလေ့ကျင့်ခန်းတွေ၊ ခုန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ (ဦးနှောက်ထဲမှာ ရှိတဲ့ Neurons လေးတွေ တိုးပွားမှု အကောင်းဆုံးလေ့ကျင့်ခန်းကတော့ အပြေးလေ့ကျင့်ခန်းပါ။)
၂။ ပြီးရင် ရေအေးအေးလေးနဲ့ ၁၀မိနစ်လောက် ရေချိုးလိုက်ပါ။
🕢 တတိယ “မိနစ် ၂၀”မှာ-
တစ်နေ့တာလုံးကို အရှိန်ကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ဖို့ဆို ဒီ “မိနစ်၂၀” က အရမ်းကို အရေးကြီးပါတယ်။
၁။ပထမ “၁၀မိနစ်အတွင်း” ကိုယ်တစ်နေ့တာလုံးမှာ လုပ်စရာရှိတဲ့ အလုပ်တွေကို “ABCD” ဆိုပြီး အဆင့် သတ်မှတ်ဖို့ပါ။ အရေးအကြီးဆုံး အလုပ်ကတော့ A ပေါ့ အရမ်းအရေး
မကြီးတဲ့ အလုပ်တော့D ပေါ့ ကြားထဲက B နဲ့ C ကိုတော့
ကိုယ့်ရဲ့ အလုပ်အခြေနေပေါ်မူတည်ပြီး သတ်မှတ်လို့ရပါတယ်။
၂။ နောက် “၅မိနစ်”မှာ ကိုယ့်ဘဝမှာ ကိုယ့်ဖြစ်ချင်တဲ့
ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြန်ပြီးစဥ်းစားပါ။ ချရေးထားတာရှိရင် ပြန်ဖတ်ပေးပါ၊ မျက်လုံးမှိတ်ပြီး ပုံဖော်ကြည့်ပါ။( ဒီနည်းလမ်းလေးက ကျွန်တော်တို့ရဲ့ မသိစိတ်ကို ကောင်းကောင်းအသုံးချတဲ့နည်းလမ်းလေးပါ။)
၃။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ နေရာမှာ မျက်လုံး​လေး မှိတ်ပြီး ၅မိနစ်လောက် “ကျေးဇူးတင်စကား” ဆိုကြည့်ပါ။ ကိုယ်ကျေးဇူး​တင်ချင်တဲ့ အရာမှန်သမျှ ကျေးဇူးတင်လို့ရပါတယ်။ (ဒီနည်းလမ်းလေးက ကျွန်တော်တို့ရဲ့ Positive mindeset အားကောင်းအောင်လေ့ကျင့်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်)
၂၄နာရီထဲက တန်ဖိုးအရှိဆုံး အိပ်ရာနိုးနိုးချင်း ၁နာရီကို တို့တွေ အရင်က ဖြစ်သလို အသုံးချကောင်းချ
ခဲ့ပါလိမ့်မယ် ။
ဒါပေမယ့် “ချိန်း” လေးတွေက ဘယ်​လောက်ထိ အရေးပါလဲဆိုတာ သိပြီဆိုတော့ နောက်နေ့ မနက်ခင်း အိပ်ရာထထချင်း ၁နာရီကို ပြောတဲ့နည်းလမ်းလေးအတိုင်း အသုံးချကြည့်ပါနော်။