အရေပြား ဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းပါ။ အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာမျိုး မရှိစေဖိုအတွက် တားပေးဖိုပါ။ ဒီလိုတားပေးတဲ့ ခံတပ်ဆိုပေမယ့် တစ်ခါတလေမှာ အရေပြားကိုယ်တိုင်ကလည်း ကာကွယ်ရင်း ကူးစက်တတ်တဲ့ ရောဂါပိုးတွေကိုကိုယ်တိုင် ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။
အရေပြားမှာ ဖြစ်ပေါ်နိုင်တဲ့ ကူးစက်ရောဂါတွေက အမျိုးမျိုးသော ပိုးမွှားတွေကြောင့် ဖြစ်နိုင်သလို ရောဂါလက္ခဏာတွေကလည်း သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အရမ်းကို ပြင်းထန်တဲ့ အခြေအနေမျိုးအထိ ဆိုးဝါးနိုင်ပါတယ်။
အရေပြားမှာ ဖြစ်တဲ့ကူးစက်ရောဂါတွေကို သိပ်မပြင်းထန်ဘူးဆိုရင် အလွယ်တကူ ဆေးစာမလိုဘဲ ဝယ်ယူလိုရတဲ့ ဆေးတွေ သောက်သုံးပြီး ကုသလို ရသလို အိမ်တွင်းကုထုံးတွေနဲ့လည်း ကုသလိုရပါတယ်။ တကယ်လို ပြင်းထန်မယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို လိုမှာပါ။
ကူးစက်တတ်သော အရေပြားရောဂါတွေကတော့ အများကြီးပါ။ ကူးစက်တတ်တဲ့အရေပြားရောဂါတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကိုတော့ အဓိကအနေနဲ့ အခုလို ပိုင်းခြားထားပါတယ်။
ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါများ
ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါတွေက စဖြစ်စမှာ သေးငယ်ပြီး အနီရောင်အဖုလေးတွေလောက်ပဲ ဖြစ်တာပါ။ ဒီလိုကနေမှ တဖြည်းဖြည်း အရွယ်အစား ကြီးလာတာပါ။ အချိုသော ဘက်တီးရီးယားကစက်မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေက သိပ်ပြင်းထန်လေ့ မရှိသလို လိမ်းဆေးလောက်နဲ့ ကုသပျောက်ကင်းတာ၊ သောက်ဆေး၊ လိမ်းဆေးလောက်နဲ့ ကုသပျောက်ကင်းတာမျိုး ရှိနိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ကူးစက်မှုကြောင့်ဖြစ်နိုင်တဲ့ အရေပြားကူးစက်ရောဂါတွေက
အနာစိမ်း (သိုမဟုတ်) အရေပြားပိုးဝင်ခြင်း (cellulitis )
အနာစက် (impetigo)
မွေးကျွတ်နာ၊ သွေးစုနာ (boils)
အနာကြီးရောဂါ (leprosy)တွေပါ။
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါများ
ဗိုင်းရပ်စ်ပိုးကြောင့်လည်း အရေပြား ကူးစက်မှုတွေဖြစ်တယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေက သိပ်မပြင်းထန်တဲ့အဆင့်ကနေ အရမ်းပြင်းထန်တဲ့ အဆင့်အထိဖြစ်နိုင်ပါတယ်။
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေက
- ဆင်ဖြူတော်ရေယုန် (shingles)
- ရေကျောက် (chickenpox)
- ငါးမျက်စိ (Molluscum contagiosum)
- ကြွက်နို (warts)
- ဝက်သက် (measles)
- လက်၊ ခြေထောက်နဲ့ ပါးစပ်ရောဂါ (hand, foot, and mouth disease)တွေပါ။
- မှိပိုးကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါများ
မှိပိုးကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေက ခန္ဓာကိုယ်ရဲ့ စိုထိုင်းဆများတဲ့နေရာတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဥပမာ ချိုင်းကြားအောက်နဲ့ ခြေဖဝါးစတဲ့နေရာတွေမှာပါ။ မှိပိုးကူစက်မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေက ကူးစက်နိုင်ခြေနည်းသလို အသက်အန္တရာယ်ကိုလည်း မထိခိုက်စေပါဘူး။
မှိပိုးကြောင့်ဖြစ်နိုင်တဲ့ အရေပြားကူးစက်ရောဂါများ
- သဲဝဲ (athlete’s foot)
- မှိပိုးဝင်ကူးစက်ခြင်း (yeast infection)
- ပွေး (ringworm)
- လက်သည်းမှိစွဲခြင်း (nail fungus)
- မှက္ခရု (oral thrush)
- သေးခံလောင်ခြင်း (diaper rash) စတာတွေပါ။
ကပ်ပါးပိုးကြောင့်ဖြစ်နိုင်တဲ့ အရေပြားကူးစက်ရောဂါများ
ဒီအရေပြား ကူးစက်ရောဂါ အမျိုးအစားက ကပ်ပါးပိုးကြောင့်ဖြစ်တာပါ။ ဒီလို ကပ်ပါးပိုး ကူးစက်မှုက အရေပြားကနေတဆင့် သွေးကြောတွေထဲကို ရောက်သွားတာမျိုး ရှိနိုင်သလို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ ပြန့်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ကပ်ပါးပိုးကူးစက်မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာက အသက်အန္တရာယ် မထိခိုက်နိုင်ပေမယ့် သက်တောင့်သက်သာမဖြစ်စေတာတော့ အမှန်ပါပဲ။
- သန်းကိုက်တာ
- ဂျပိုးကိုက်တာ
- ဝဲ
- ချိတ်သန်ကောင်ကြောင့်ဖြစ်တဲ့ အရေပြားရောဂါစတာတွေပါ။
အရေပြားပေါ်မှာ ရောဂါပိုးတွေကူးစက်ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ……………
အရေပြားပေါ်မှာ ရောဂါပိုးတွေ ကူးစက်ခံရတဲ့အခါ အမျိုးအစားပေးလိုက်ပြီး လက္ခဏာတွေကလည်း ကွာခြားသွားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာ၊ အဖုအပိမ့်ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ အခြားလက္ခဏာတွေ အနေနဲ့ကတော့ ယားယံတာ၊ နာကျင်တာ၊ ရောင်ကိုင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
တကယ်လို အရေပြားမှာ ပြည်ဖုတွေထွက်မယ်။ အရည်ကြည်ဖုတွေထွက်မယ်၊ အရေပြားပိုးဝင်တာက အချိန်အတော်ကြာတဲ့အထိ မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို လိုပါမယ်။ အရေပြား ပိုးဝင်ကူးစက်တာက အရေပြားပေါ်မှာတင်မကဘဲ သွေးကြောတွေနဲ့ အခြား အစိတ်အပိုင်းတွေဆီကိုပါ ပြန့်နှံသွားနိုင်တာကြောင့်ပါ။ အဆိုးဆုံးအနေနဲ့ကတော့ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တာပါ။
ပြင်းထန်တဲ့ ကူးစက်တတ်တဲ့ အရေပြားရောဂါတွေအနေနဲ့
- ပြည်ဖုတွေဖြစ်တာ
- အရည်ကြည်ဖုတွေထတာ
- အရေခွံတွေကွာမယ်၊ အရေပြားကွဲတာမျိုး
- အရေပြားအရောင်ပြောင်းတာ
- နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ကူးစက်တတ်သော အရေပြားရောဂါကို ဖြစ်စေတဲ့အကြောင်းအရင်းက ကူးစက်ခံရမှု အမျိုးအစားကိုလိုက်ပြီး ကွာခြားနိုင်ပါတယ်။
ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါ
ဒီအရေပြားရောဂါက ခန္ဓာကိုယ်နေရာတိုင်းလိုလိုမှာ တွေ့ရနိုင်ပါတယ်။ အရေပြားကို ကုတ်ခြစ်မိတာ၊ ပြတ်ရှတာလိုမျိုး အရေပြားပေါက်ပြဲမှုတွေကနေတဆင့် ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။ ဒါပေမယ့် ကုတ်ခြစ်ရာတွေ ရှိတိုင်း အရေပြားပြဿနာဖြစ်မယ်လို မဆိုသာပါဘူး။ ဒါပေမယ့် အရေပြားမှာ ကုတ်ခြစ်ရာတွေ ရှိနေတာက အရေပြားရောဂါဖြစ်နိုင်ခြေ ပိုများနေပါတယ်။ ကိုယ်ခံအားစနစ်ကလည်း အားနည်းနေမယ်ဆိုရင်ပေါ့။
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါ
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားရောဂါ အများစုက ဒီဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ရတာပါ။ poxvirus ၊ human papillomavirus နဲ့ herpes virusတွေကြောင့်ပါ။
မှိပိုးကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါ
နေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ်ရဲ့ ဓာတုစနစ်တွေကြောင့် အရေပြားမှာ မှိပိုးကူးစက်တဲ့ရောဂါတွေ ခံစားရနိုင်ခြေများပါတယ်။ ဥပမာ ချွေးထွက်များတာ၊ စိုထိုင်းဆများတဲ့ ပတ်ဝန်းကျင်အနေအထားတွေက အရေပြားမှာ မှိပိုးကူးစက်ခံရနိုင်ခြေ များစေပါတယ်။
ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ အရေပြားကူးစက်ရောဂါ
သေးငယ်တဲ့ ကပ်ပါးပိုးလေးတွေ ပိုးမွှားပိစိလေးတွေက အရေပြားအောက်ထဲကို ဝင်ပြီး ဥတွေဥချရာကနေ အရေပြားမှာ ကပ်ပါးပိုးတွေ ပေါက်ဖွားပြီး အရေပြား ပိုးဝင်ကူးစက်တာတွေ ဖြစ်လာပါတယ်။
Takeaways
အရေပြားပြဿနာ ကင်းစေဖိုဆိုရင် အရေပြားကို သန့်စင်အောင် ဂရုစိုက်ပါ။ မကြာခဏ လက်ဆေးပါ။ အရေပြားမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေ တစ်ခုခု တွေ့တာနဲ့ သေချာ ဂရုစိုက်ပါ။ လိုအပ်ရင် ကုသမှု ခံယူပါ။
