မိုးရာသီကာလမို အဝတ်များခြောက်သွေ့ဖိုက ခဲယဉ်းလှပါသည်။ သိုသော်
မခြောက်သွေ့သော အဝတ်များ၊ စိုထိုင်းသော အဝတ်များကို မဝတ်မိရန်လိုအပ်သည်။
စိုထိုင်းအဝတ်များကို ဝတ်ခြင်းဖြင့် ပွေး၊ဝဲစသည့် အရေပြားရောဂါများ ဖြစ်လာနိုင်သည်။

ပေါင်ခြံ၌ မှိစွဲခြင်းများ၊ ပွေးပေါက်ခြင်းများသည် အမျိုးသားများ၌ အများဆုံးတွေ့ရသည်။
တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးအလေးထား လုပ်ဆောင်ရန်လိုအပ်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်က ပြောသည်။

‘‘အမျိုးသားတွေမှာ အသက် ကြီးသူပဲဖြစ်ဖြစ်၊ လူပျိုပေါက်အ ရွယ်ပဲဖြစ်ဖြစ် ပေါင်ခြံမှာ ပွေး ပေါက်တာ အတွေ့ရများတယ်။ လူအများစုဝေးတဲ့ ဘော်ဒါဆောင် က ကျောင်းသားတွေ ဆိုရင် အကုန်လုံးနီးပါး ဖြစ်ကြတယ်။ စောင်၊ အိပ်ရာခင်းတွေ၊ အဝတ် အစားတွေ အတူတူသုံးကြနဲ့ တစ် ကိုယ်ရေသန့်ရှင်းမှုအားနည်းပြီး အနေမသန့်လိုဖြစ်ကြတာ’’ဟု ၎င်းက ဆိုသည်။

အထိုင်များသူများ၊ အဝလွန်သူနှင့်လေဝင်လေထွက်မကောင်း သည့် အဝတ်အစားများဝတ်ဆင် သူများတွင် ပေါင်ခြံ၌ ချွေးများအ မြဲစိုစွတ်နေလေ့ရှိပြီး ယင်းအခြေအနေက အရေပြားမှိရောဂါတစ် မျိုးဖြစ်သည့် ပွေးပေါက်လာစေရန် အခွင့်အလမ်းများလာသည်။

‘‘မှိက ပူအိုက်စွတ်စိုတာ ကြိုက်တယ်။ အထိုင်များသူတွေ (ကားမောင်းသူများ)၊ ဝတဲ့သူ၊ အဝလွန်တဲ့သူတွေဆိုရင် ပေါင်ခြံ မှာ ချွေးတွေနဲ့။ အတွင်းခံဘောင်း ဘီကျပ်ကျပ်၊ အပြင်က ဘောင်း ဘီကျပ်ကျပ်ကြောင့် ချွေးစိုပြီး ပေါင်ခြံမှာ ပွေးပေါက်လာတယ်။ တချိုအားကစားလုပ်ပြီး ရေစိုချွေးစိုအဝတ်အစာတွေနဲ့ နေကြတော့ မှိတက်ပြီး ရောဂါဖြစ်လာတာ’’ဟု ဒေါက်တာကျော်ကျော်က ရှင်းပြ သည်။

ထိုအပြင် ဆီးချိုရောဂါအခံ ရှိသူများ၊ ကိုယ်ခံအားကျသူနှင့် စတီးရွိက်ဆေးများ ရေရှည်စွဲ သောက်ရသူများတွင် အရေပြား မှိစွဲရောဂါများ ပိုမိုဖြစ်လွယ်သဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှု အလေးထားရန် လိုအပ်သည်။

‘‘ပွေးပေါက်တဲ့အခါ ယား တော့ ကုတ်ရင်းနဲ့ ပေါင်ခြံနေရာ တွေအပြင် လက်တို၊ မျက်နှာတို၊ တင်ပါးနဲ့ ခြေထောက်နေရာတွေ မှာပါ ပြန့်ကုန်တယ်။ တခြားသူ တွေနဲ့ ထိတွေ့မိပြီးလည်း ကူးနိုင် တာကြောင့် တစ်ကိုယ်ရေသုံး ပစ္စည်းတွေကို သီးသန့်သုံးပါ။ လက်သည်းခြေသည်းတွေ ညှပ်ရ မယ်။ အဝတ်အစားဆိုလည်း လေ ဝင်လေထွက်ကောင်းတဲ့ဟာမျိုး ဝတ်ရမယ်။ စောင်၊ ခေါင်အုံး၊ အိပ်ရာခင်းတွေကို လျှော်ဖွပ်နေလှန်း ပြီးမှ သုံးရမယ်။ ဆရာဝန်ညွှန် ကြားထားတဲ့ လိမ်းဆေးတွေကို စနစ်တကျလိမ်းဖို၊ သောက်ဆေး တွေ သောက်ဖို လိုတယ်’’ဟု ဒေါက်တာကျော်ကျော်က ဆို သည်။