improveimmune

ရာသီတုပ်​​ကွေးကော COVIDကော ထိန်းမနိုင်တဲ့အချိန်မှာ ကိုယ်ခံအား​(𝐈𝐦𝐦𝐮𝐧𝐢𝐭𝐲)​လေး​တော့ ​ကောင်း​စေချင်တယ်

ဒီလို​ပြောလို့ ကိုယ်ခံ​အား (𝐈𝐦𝐦𝐮𝐧𝐢𝐭𝐲)က COVIDကို ကာကွယ်နိုင်သလား ​မေးရင် အ​ဖြေက No ပါ၊ လုံးဝ မကာကွယ်ပါ
“Mask တပ်၊ လက်​ဆေး၊ ၆​ပေခွာ​နေ” မှတစ်ပါး အခြားမရှိပါ

ဒါဆို ကိုယ်ခံအား(𝐈𝐦𝐦𝐮𝐧𝐢𝐭𝐲)က ဘာအတွက်လဲ?

COVIDရောဂါ ကူးစက်ခံရတဲ့အခါ တစ်ချို့​တွေ နှာ​စေး၊ အနံ့​ပျောက်ရုံ​လောက်နဲ့ ​ပြန်​ကောင်းသွားကြပြီး တစ်ချို့မှာ ရောဂါပြင်းထန်တာ မြင်ဖူးကြပါလိမ့်မယ်

ကိုယ်ခံအားနည်းတဲ့သူ​တွေဟာ ​ရောဂါဒဏ်ကို ပိုခံကြရပါတယ်၊ အခု ​အောက်စီဂျင်​တွေ မနည်းရှူ​နေရသလိုမျိုး​တွေ​ပေါ့

ဆို​တော့ ကိုယ်ခံအား​(𝐈𝐦𝐦𝐮𝐧𝐢𝐭𝐲)ကောင်း​အောင် ဘာ​တွေစား​သောက်မလဲ၊ ဘယ်လို​နေမလဲ အကြံ​ပေးချင်ပါတယ်

💥 𝐒𝐦𝐨𝐤𝐢𝐧𝐠 (ဆေးလိပ်)
ကိုယ်ခံအားလဲကျ၊ အဆုတ်ကိုလဲ ထိခိုက်​စေပါတယ်

💥 𝐀𝐥𝐜𝐨𝐡𝐨𝐥 (အရက်)
အလွန်အကျွံ​သောက်ခြင်းက ကိုယ်ခံအား ကျ​စေပါတယ်

💥 𝐈𝐧𝐬𝐨𝐦𝐧𝐢𝐚 (အိပ်မ​ပျော်ခြင်း)
​ အိပ်​ရေးပျက်ရင် ကိုယ်ခံအား ကျပါတယ်
စော​စောအိပ်ပါ၊ ၈နာရီပြည့်​အောင် အိပ်ပါ

💥 𝐒𝐭𝐫𝐞𝐬𝐬 & 𝐀𝐧𝐱𝐢𝐞𝐭𝐲 (စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု)
စိတ်ဖိစီးမှုကလဲ ကိုယ်ခံအား ကျ​စေပါတယ်
ဘာသာ​တရား ကိုင်းရှိုင်းပါ၊ တရားထိုင်ပါ
စိတ်ညစ်လာရင် ရင်ဖွင့်ပါ

💥 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞 (​ကိုယ်လက်လှုပ်ရှားမှု)
လမ်း​လျှောက်တာလို အ​ပျော့စား လှုပ်ရှားမှုမျိုး
တစ်ရက်ကို ၁၅-၃၀ မိနစ်​ခန့် မှန်မှန်လုပ်ပါ၊
ပြင်းပြင်းထန်ထန် မလုပ်သင့်ပါ

💥 𝐇𝐲𝐠𝐢𝐞𝐧𝐞 (တစ်ကိုယ်ရည် သန့်ရှင်းမှု)
မသန့်ရှင်းလို့ ဝမ်းပျက်ဝမ်း​လျှောလို ​ရောဂါမျိုး
ဖြစ်ခဲ့ရင် ကိုယ်ခံအား​တွေ သုံးလိုက်ရမှာပါ၊
တကယ်လဲ COVIDကူး​​​​ရော
သုံးစရာ ကိုယ်ခံအား မကျန်ပဲ ဖြစ်​နေမယ်

💥 𝐃𝐞𝐱𝐚𝐦𝐞𝐭𝐡𝐚𝐬𝐨𝐧𝐞 လို ​ဆေးမျိုး
ကိုယ်ခံအား ကျ​စေတဲ့ အာနိသင် ရှိပါတယ်၊
ဆရာဝန်က လိုအပ်လို့ ညွှန်ကြားမှသာ ​သောက်ပါ

💥 𝐕𝐚𝐜𝐜𝐢𝐧𝐞 (ကာကွယ်​ဆေး)
ရာသီတုပ်​ကွေး ကာကွယ်​ဆေး​ကော၊
COVID ကာကွယ်​ဆေး​ကော ရဖို့လွယ်ရင် ထိုးပါ
ကာကွယ်​ဆေးထိုးလဲ COVID ထပ်ဖြစ်တယ်နော်

💥 𝐖𝐚𝐭𝐞𝐫 (​ရေ)
​ ရေဓါတ်ခမ်းရင် ကိုယ်ခံအားဆဲလ်​တွေ
တည်​ဆောက်ဖို့ ​နှောင့်​နှေးပါတယ်
COVID မှာ ​ရေဓါတ်နည်းရင် ​သွေးခဲလွယ်ပါတယ်
တစ်ရက်ကို ၂-၄လီတာ ​သောက်သင့်ပါတယ်

💥 𝐅𝐨𝐨𝐝 (အစားအစာ)

   🚫 ချိုလွန်းတဲ့ အစားအစာ​ရှောင်ပါ 

  🚫 Fast Food ​ရှောင်ပါ
       (အသင့်စား အာလူး​ကြော်၊ Coca cola လိုမျိုး) 

  🚫 ဟင်းချက်ရင် စားအုန်းဆီ ​ရှောင်ပါ 

  ✔ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို 
        ဟင်းချက်ရင် ​နေ့စဉ်ထည့်သုံးပါ 
        (အလွန်အကျွံ စားသုံးခြင်း ​ရှောင်ပါ) 

  ✔ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐀, 𝐂, 𝐄, 𝐁6, 𝐙𝐢𝐧𝐜, 𝐏𝐫𝐨𝐭𝐞𝐢𝐧, 𝐈𝐫𝐨𝐧,
         𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜 (ဗီတာမင် ​​အေ, စီ, အီး, ဘီစစ်, ဇင့်,
         အသားဓါတ်, သံဓါတ်၊ ဒိန်ချဉ်မှရ​သော 
         ပရိုဘိုင်အိုတစ်)ကြွယ်ဝတဲ့ အစားတွေက 
         ကိုယ်ခံအားတက်​စေပါတယ်
        ဒီအစားအစာတွေ ပိုစားပါ၊ 
        သို့​ပေမယ့် အခြား 𝐕𝐢𝐭𝐚𝐦𝐢𝐧 ​(ဗီတာမင်)တွေလဲ 
        ပုံမှန်​ပမာဏတော့ စား​ပေးရပါမယ်