ကြက်ပေါင်တစ်ခြမ်း သို့ ကြက်ရင်ပုံတစ်ခြမ်း ကို ရေစင်အောင်ဆေးပြီး ကြက်သားမှုန့်နယ်ထားပေးပါ။ ချက်မယ့်အိုးထဲသို့ ကြက်သား နှင့် ရေထည့်ပြီး ကြက်ပြုတ်ရည်ရအောင် ခပ်ကြာကြာလေးပြုတ်ပေးပါ။

ကြာဇံကိုနာရီဝက်ခန့်ကြိုတင်ရေစိမ်ထားပေးပါ။ ပြီးနောက်ဆယ်ယူရေစစ်ထားပါ။

နှစ်သက်ရာအသီးရွက် အသားလုံး လှီးထားပေးပါ။

ဘဲဥ ငုံးဥ တို့ကိုပြုတ်ထားပေးပါ။

ကြက်ပြုတ်ရည်ဆူလာရင်အပေါ်မှ ဝေ့တက်လာသော အမဲဖတ်များကိုဖယ်ရှားပေးပါ။ ပြီးမှ အသီးရွက်နှင့်အသားလုံးများထည့်ပါ။ ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူညက်အောင်ထောင်းထားတာထည့်ပါ။ ငရုတ်စိမ်းဖြင့်စားချင်သူများရှိပါက ဒီနေရာမှာ ငရုတ်သီးစိမ်းထောင်းထားတာထည့်ပါ။ ပြီးမှ ကြာဇံထည့်ပါ။ ကြက်သားမှုန့်ထည့်ပါ။ ဆူလာပြီဆို ကြက်သွန်မြိတ်အုပ်ပါ။ ဘဲဥခြမ်းထည့်ပါ။ ငရုတ်သီးမှုန့်ထည့်ပါ။ သံပုရာရည်ညှစ်ပါ။