postcovidprecaution

ကိုဗစ်ကိုအနိုင်ယူပြီးလို့နလန်ထလာချိန်မှာ နောက်ဆက်တွဲသွေးခဲမှုပြဿနာနဲ့ သေဆုံးသူတွေများပြားလာပါတယ်။

❌ ကိုဗစ်ကနလန်ထပြီးချိန်မှာ ခရီးထွက်တာလုံးဝမလုပ်ပါနဲ့။

❌ ကိုဗစ်ကနလန်ထပြီးချိန်မှာ အားကစားလုံးဝမလုပ်ပါနဲ့။

❌ ကိုဗစ်ကနလန်ထပြီးချိန်မှာ ဝရံတာထွက်ပြီးအအေးခံတာလုံးဝမလုပ်ပါနဲ့။

❌ ကိုဗစ်ကနလန်ထပြီးချိန်မှာ ပြင်းပြင်းထန်ထန်လှုပ်ရှားမှု လုံးဝမလုပ်ပါနဲ့။စင်ကာပူမှာအသက် (၄၁) နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ ကိုဗစ်ကနေပြန်ကောင်းလာပြီး ဆေးရုံဆင်းတာနှစ်ပတ်ကျော်ပြီးမှ အဆုတ်မှာသွေးခဲပြီးသေဆုံးသွားခဲ့ပါတယ်။ အဆုတ်ထဲက pulmonary artery ထဲမှာ thromboembolism သွေးခဲလေးကသွားပိတ်တာပေါ့ဗျာ။ စင်ကာပူ NTU တက္ကသိုလ်က သုသေသနပညာရှင်များဟာ ကိုဗစ်ကနေပြန်ကောင်းလာတာ တစ်လလောက်ရှိပြီဖြစ်တဲ့ လူနာအယောက် (၃၀) ကို သွေးနမူနာယူစစ်ဆေးကြည့်ခဲ့ပါတယ်။ သိပ္ပံဂျာနယ် eLife မှာတင်ပြထားရာမှာ အဲ့ဒီလူနာအယောက် (၃၀) စလုံးမှာ သွေးကြောတွေပျက်စီးထားတာတွေ့ရပါတယ်တဲ့။ဒါဟာ ကိုဗစ်ကိုပြန်တိုက်ရင်း lingering immune response ကနေ သွေးခဲလေးတွေဖြစ်စေခဲ့ပုံရပါတယ်တဲ့ အဲ့ဒီကိုယ်ခန္ဓာထဲမှာကိုဗစ်ကိုတိုက်ရင်း ရှိနေတဲ့သွေးခဲသေးသေးလေးဟာ ရုတ်တရက်ပြုတ်ထွက်သွားပြီး တနေရာမှာသွားပိတ်ရင် အသက်အန္တရာယ်ရှိပါတယ်။ သဘောကဗျာ အဲ့ဒီသွေးခဲလေးဟာ နှလုံးသွေးကြောမှာသွားပိတ်ရင် heart attack ရုတ်တရက် နှလုံးထိခိုက်တာဖြစ်ပြီး အသက်ဆုံးနိုင်တယ်။ဦးနှောက်ထဲမှာသွားပိတ်ရင် ရုတ်တရက် လေဖြတ်နိုင်တယ်။ အသက်ဆုံးနိုင်တယ်။ အခြားကိုယ်အင်္ဂါတစ်ခုခုမှာ သွားပိတ်ရင် အဲ့ဒီကိုယ်အင်္ဂါပျက်စီးပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။အဲ့ဒီတော့ ကိုဗစ်ကနေ ပြန်ကောင်းလာပြီးရင်လည်း ဂရုစိုက်ကြပါ။ အထူးသဖြင့် နှလုံး၊ သွေးတိုး၊ ဆီးချိုရှိသူတွေ အဝလွန်သူတွေပိုသတိထားကြပါခင်ဗျား။

ရေးသားသူ ‌Richard Myo Thant