ကလေးငယ်ကို ဟင်းသီးဟင်းရွက်တွေ ကြိုက်လာအောင် ဘယ်လိုစည်းရုံးကြမလဲ
ဟင်းသီးဟင်းရွက်တွေ နဲ့ သစ်သီးဝလံတွေဟာ အာဟာရဓာတ်တွေကြွယ်ဝပြီး ကျန်းမာစေတဲ့ သဘာဝအစားအစာတွေဖြစ်ကြပါတယ်။ မိဘတိုင်း ကိုယ့်ကလေး အသီးအရွက်တွေကိုကြိုက်လာတာမျိုးကို အလိုရှိကြပါတယ်။လူတိုင်းကတော့ ဟင်းသီးဟင်းရွက်တွေကို သဘာဝအလျောက် ကြိုက်နှစ်သက်သွားတတ်ကြတာ မဟုတ်ပါဘူး။ ငယ်ရွယ်စဉ်မှာ မိဘတွေရဲ့ စီမံကျွေးမွေးမှုတွေကြောင့်သာ တဖြည်းဖြည်းချင်းကြိုက်နှစ်သက်သွားတတ်ကြတာပါ။
