COVID-19 ကာကွယ်ဆေး (၂) မျိုး အတွဲ ပိုမိုထိရောက်မှုရှိ ကြောင်းကနဦးတွေ့ရှိချက် ကို Science ဂျာနယ် (29 June 2021)ကအောက်ပါအတိုင်းဖော်ပြထားသည်။
(၁) AstraZeneca COVID-19 ကာကွယ်ဆေးသည် coronavirus ဗီဇပါပြု ပြင်ထားသော adenovirus ကို vector အဖြစ်အသုံးပြုထားပြီ ယူကေနိုင်ငံကထုတ်လုပ်သည်။ Pfizer-BioNTech COVID-19 ကာကွယ်ဆေးသည် mRNA based ကာကွယ်ဆေးဖြစ်ပြီး ဂျာမနီနိုင်ငံက အမေရိကန်နိုင်ငံ Pfizer ဆေးကုမ်မဏီနှင့် ပူးတွဲထုတ်လုပ်သည်။
(၂) AstraZeneca ကို အသုံးပြုရာတွင် အချို့ငယ်ရွယိသူအမျိုးသမီးများတွင်ဦးနှောက်အတွင်းသွေးခဲသည့်မလိုလားအပ်သောပြသနာများတွေ့ရှိရ၍ ယင်းကာကွယ်ဆေးကို အသက် ၆၀ ကျော်သူများတွင် အကန့်အသတ်ဖြင့်သုံးရန်သတိပေးခဲ့ဘူးသည်။
(၃) များမကြာမီကယူကေနိုင်ငံ Oxford University သုတေသီများက စမ်းသပ်မှုတစ်ခုပြုလုပ်ရာတွင် AstraZeneca ကို (ပ)အကြိမ် (First dose) ပေးပြီး ၄ ပါတ် အကြာ Pfizer-BioNTech ကို (ဒု) အကြိမ် (Second dose) ပေးခဲ့ရာ Coronavirus spike protein ကို အဓိကထားတိုက်ခိုက်နိုင်သော antibodies (T cell) များစွာထွက်ပေါ်ကြောင်းတွေ့ရှိရသည်။ အဆိုပါစမ်းသပ်ချက်ကို အသက် ၅၀ နှစ်အထက် လူ ၈၃၀ တွင်စမ်းသပ်ခဲ့သည်။
(၄) ဖော်ပြပါ ဆေး (၂)မျိုး အတွဲ အသုံးပြုမှုကြောင့်ထွက်ပေါ်လာသော antibodies အရေအတွက်သည် AstraZeneca တစ်မျိုးတည်း (ပ) နှင့် (ဒု) အကြိမ် ထိုးခြင်း နှင့် Pfizer-BioNTech တစ်မျိုးတည်း (ပ) နှင့်(ဒု) အကြိမ် ထိုးခြင်း တို့ကြောင့်ထွက်ပေါ်လာသော antibodies အရေအတွက်ထက်များစွာပိုမိုကြောင်းတွေ့ရှိရသည်။
(၅) အလားတူတွေ့ရှိချက်ကို ဂျာမနီနိုင်ငံ Saarland University နှင့် စပိန်နိုင်ငံ Carlos III Health Institute တို့တွင်ပြုလုပ်သော စမ်းသပ်ချက်များတွင်လည်းတွေုရှိရသည်။
(၆) ဖော်ပြပါတွေ့ရှိချက်များသည် ကနဦးတွေ့ရှိချက်များသာဖြစ်ပြီး ပညာရှင်များဖြင့်ထပ်မံသုံးသပ်စစ်ဆေးခြင်း (Peer-review) မပြုလုပ်ရသေးပါ။ WHO ကလည်း အဆိုပါဆေး (၂) မျိုးအတွဲ အာနိသင်ကို သေချာစွာစမ်းစစ်ရန်အချက်အလက်များမလုံလောက်သေးကြောင်းပြောဆိုသည်။ ကနေဒါနိုင်ငံ က ထိုဆေးအတွဲအသုံးပြုမှုကို အတည်ပြုခဲ့ပြီး အမေရိကန်နိုင်ငံက စမ်းသပ်စဲဖြစ်သည်။ EU ကမူယခုအခါစမ်းသပ်မှုများပြုလုပ်လျက်ရှိပြီး ရလဒ်ကို ယခု July လ အတွင်းသိရှိရမည်ဖြစ်ကြောင်းပြောကြားသည်။
