ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (FDA) အများပြည်သူသိရှိရန်အသိပေးနှိုးဆော်ချက်
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး၊ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသောဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲ ကြပ်မတ်လျက်ရှိပါသည်။
၂။ စျေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဗူးပေါ်တွင် ဖော်ပြချက်အရ Chengdu Ernei Pharmaceutica Co., Ltd, Sichuan, China ထုတ် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသော Griseofulvin Tablets 125mg ဆေးဝါးသည် ဆေးဝါးအတု(အတု) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
၃။ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီဝဲသောရောဂါဝေဒနာရှင်များသည် စရိတ်များစွာကုန်ကျသည့် အပြင် မိမိတို့ခံစားနေရသော ရောဂါများပျောက်ကင်းခြင်း (လုံးဝ) မရှိဘဲ ပိုမိုဆိုးရွားသောအခြေအနေ ခံစားရမည်ဖြစ်ပါသည်။ သို့ပါ၍ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝ(လုံးဝ) မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ (၁၈) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မိုးတောင်က၊ ပွေးပေါင်က၊ ဆေးအတု တရုပ်ပြည်က
ပွေးခေါ်တဲ့ အရေပြားရောဂါကို ဆေးစာနဲ့ Ringworm အပြင် Dermatophytosis; Dermatophytid; Tinea လို့ခေါ်တယ်။ ဆေးစာအခေါ်လွဲနေတာက Worm ဆိုပေမဲ့ သန်ကောင် မဟုတ်ဘူး။ Fungus (ဖန်းဂတ်စ်) မှို ဖြစ်တယ်။ အဖြစ်များတယ်။ အရွယ်မရွေး၊ ကျား-မ မရွေးဖြစ်တယ်။ သူများကို ကူးလွယ်တယ်။ အတူနေတာ၊ အဝတ်အစား၊ ဘီး၊ ရေကူးကန်၊ တိရစ္ဆာန်တွေကနေ ကူးနိုင်တယ်။ မှိုပိုးရှိနေပြီး ကိုယ့်မှာ ပွေးကို မမြင်ရပေမဲ့ သူများကို ကူးစေနိုင်တယ်။ ယားမယ်၊ နီနေမယ်၊ အရေပြားအကောင်းထက် မြင့်နေမယ်၊ မီးလောင်ဖုလိုလဲ ဖြစ်နိုင်တယ်။ မန်းရည်လဲထွက်ချင် ထွက်နိုင်တယ်။ နုပ်ခမ်းသား တိတိကျကျရှိတယ်။ နီတာက ဘေးဘက်မှာ ပိုနီတယ်။ စက်ဝိုင်းလိုဖြစ်နေမယ်။ ဦးရေခွံမှာ ဖြစ်ရင် ဆံပင်ကျွတ်မယ်။ ခြေသည်း-လက်သည်းမှာဖြစ်ရင် ထူပြီး ပုံပြောင်းနေမယ်။ အမှောင်ခမ်းထဲမှာ အပြာရောင်မီးနဲ့ စမ်းတာကို Wood’s lamp ခေါ်တယ်။ KOH exam စမ်းနည်း၊ Skin biopsy စမ်းနည်း နဲ့ Skin culture တွေလုပ်ပြီး သေခြာအောင်လုပ်နိုင်တယ်။
ဘယ်လိုကုသမလဲ
ဖြစ်တဲ့နေရာကို ခြောက်သွေ့နေပါစေ။ ဖြစ်တဲ့နေရာကို ဖိနေစေမဲ့ အဝတ်အစား မဝတ်ပါနဲ့။ အဝတ်အစားကို နေ့တိုင်း လျှော်ပါ။ Miconazole, Clotrimazole ဆေးတွေပါတဲ့ ဆိုင်တွေမှာ ဝယ်လို့လွယ်တဲ့ Antifungal powders, lotions, creams လိမ်းဆေး ပေါင်ဒါ တခုခုသုံးနိုင်တယ်။ လိမ်းဆေးထဲမှာ Clotrimazole ပါတာတွေက (Cruex cream, Desenex cream, Lotrimin cream, lotion, and solution) ဖြစ်တယ်။ Miconazole ပါတာတွေက (Monistat-Derm cream), Ketoconazole (Nizoral cream) တွေဖြစ်တယ်။ Econazole (Spectazole) ဆေး၊ Naftifine (Naftin) နဲ့ Terbinafine (Lamisil cream and solution) တွေရှိတယ်။ ယားလို့ ကုပ်မိရာကနေ ဗက်တီးရီးယား ဝင်နေရင် Antibiotics ပိုးသေဆေး လိုနိုင်တယ်။ ဖြစ်တာ မကြာသေးသူတွေ ပျောက်တာ မြန်မယ်။ ကြာမှဆေးကုရင် ပျောက်တာ ကြာမယ်။ လိမ်းဆေးနဲ့ မပျောက်နိုင်သူတွေ၊ ဦးရေခွံနဲ့ ခြေသည်း-လက်သည်း ဖြစ်သူတွေက စားဆေးပါလိုတယ်။
Griseofulvin စားဆေးကို Dermonorm, Fluvin, Fungivin, Geovin, Gris O.D, GrisactinForte, Grisomed, Grisoral, Grisoral-OD, Grisovin-FP, Idifulfin, Nufulvin, Ulvin, Walavin-250, Fulvicin-U/F, Grifulvin V, Gris-PEG နာမည်တွေနဲ့လာတယ်။
Dermatophytosis အရေပြားရောဂါဖြစ်ရင် ကလေး ၁ နှစ်အထက် = 10 to 20 mg/kg/day တနေ့ ၁ ကြိမ်၊ (သို့) တဝက်ကို ၂ ခါခွဲတိုက်ပါ။ တနေ့မှာ 1000 mg/day ထက်မပိုစေရ။
Onychomycosis (Fingernail) လက်သည်းမှိုအတွက်
• Microsize formulation 1000 mg/day တနေ့ ၂-၄ ကြိမ်ခွဲပေးပါ။
• Ultramicrosize formulation 660 to 750 mg/day တနေ့ ၂-၄ ကြိမ်ခွဲပေးပါ။
Tinea Pedis အားကစားသမားခြေထောက်မှိုအတွက်
• Microsize formulation 1000 mg/day တနေ့ ၂-၄ ကြိမ်ခွဲသောက်ပါ။
• Ultramicrosize formulation 660 to 750 mg/day တနေ့ ၂-၄ ကြိမ်ခွဲသောက်ပါ။
Tinea Barbae မိုတ်ဆိတ်မှိုအတွက်
• Microsize formulation 500 mg/day တနေ့ ၁ ကြိမ်၊
• Ultramicrosize formulation 330 to 375 mg/day တနေ့ ၁ ကြိမ်၊
Tinea Capitis ဦးရေခွံမှိုအတွက်
• Microsize formulation 500 mg/day တနေ့ ၁ ကြိမ်၊
• Ultramicrosize formulation 330 to 375 mg/day တနေ့ ၁ ကြိမ်၊
Tinea Corporis ကိုယ်ခန္ဓာမှိုအတွက်
• Microsize formulation 500 mg/day တနေ့ ၁ ကြိမ်၊
• Ultramicrosize formulation 330 to 375 mg/day တနေ့ ၁ ကြိမ်၊
Tinea Cruris ပေါင်ခြံမှိုအတွက်
• Microsize formulation 500 mg/day တနေ့ ၁ ကြိမ်၊
• Ultramicrosize formulation 330 to 375 mg/day တနေ့ ၁ ကြိမ်၊
Dermatophytosis ကလေးမှို
• Microsize formulation: 1 year or older: 10 to 20 mg/kg/day တနေ့ ၁ ကြိမ်၊ 1000 mg/day ထက်မများစေရ။
• Greater than 2 years: 5 to 15 mg/kg/day တနေ့ ၁ ကြိမ်၊ 750 mg/day ထက်မများစေရ။
Griseofulvin ဘေးထွက်သက်ရောက်မှုများ = ပျို့၊ အန်၊ ဝမ်းပျက်၊ ပါးစပ်အနာပေါက်၊ ရေငတ်၊ ခေါင်းကိုက်၊ စိတ်ကျ၊ အိပ်မရ၊ အားယုတ်။ အသည်းမကောင်းရင် မပေးပါ။ Pregnancy category C သတ်မှတ်ထားလို့ ကိုယ်ဝန်မှာမပေးရပါ။ လိမ်းဆေးတော့ လိမ်းလို့ ရပါမယ်။ ကလေးနို့တိုက်နေချိန်မှာတော့ တားထားတာမရှိပါ။ Clotrimazole ဆေးပါတဲ့လိမ်းဆေး (Cruex, Desenex, Lotrimin)၊ Miconazole ပါတဲ့လမ်းဆေး (Monistat-Derm) Ketoconazole ပါတဲ့ (Nizoral) နဲ့ and terbinafine ပါတဲ့ (Lamisil) ဆေးတွေကိုလိမ်းနိုင်တယ်။
ရေးသားသူ Dr. တင့်ဆွေ
