pillow

အောက်ဆီဂျင်ကျနေတုန်းလုပ်လို့ရတဲ့ အိမ်တွင်းနည်းတွေပါ

၁။ ခေါင်းအောက်၊ရင်ဘတ်အောက်၊ဗိုက်အောက်၊ ခြေထောက်အောက်မှာ(၁၊၂၊၂၊၁)ပုံစံခေါင်းအုံးထားပြီးမှောက်ခိုင်းပါ။ ပြီးတော့ရေနွေးအိပ်ကိုဘယ်ဘက်ကျောမှာကပ်ပေးပါ။
၂။ကြက်ဥ၊သံပုရာသီး၊ပျားရည်၊သကြား၊ဆားကိုရောဖျော်ပြီး ဝင် အောင်တိုက်ပါ။
၃။ဂွေးတောက်ရွက်၊ပင်စိမ်းကိုရေနွေးပူပူထဲထည့်ပြီးရှူနိုင်သလောက်ရှူခိုင်းပါ။
၄။ကြက်ပြုတ်ရည်တိုက်ပါ (အစာမဝါးနိုင်)ဆန်ပြုတ်တိုက်ပြီးဆေးတိုက်ပါ။

အိပ်နေတဲ့အချိန်မှာအသံတွေမဆူညံအောင်ဂရုစိုက်ပါ။ ပြတင်းပေါက်တွေဖွင့်ပြီးလေဝင်လေထွက်ကောင်းအောင်လုပ်ပေးပါ။

အရေးပေါ်ကြုံရင်အောက်ဆီဂျင်လိုက်ရှာနေလို့ပဲမရပါဘူး။ အဲ့တာကြောင့်အရေးကြုံရင်လုပ်လို့ရမယ့်အရေးပေါ်နည်းလေးတွေမှတ်ထားပါ။

လူနာကိုပက်လက်မထားဖို့ လုံးဝသတိပြုပါ။