sanpyoke

ကြက်သဲမြစ်ကြိုက်တော့ထည့်ပြုပ်တာ အစိမ်းတိုင်းမထည့်ဘူးနော်။

ဆန်ပြုတ်လေးအရောင်မလှပဲ နောက်သွားလိမ့်မယ် ပြုတ်ပြီးမှထည့်မယ်နော်။

ပြုတ်ရေတွေကို သွန်ပစ်ပါ ကြက်ရင်ပုံတစ်ခြမ်းကိုအရိုးပြုတ်ရည်ထဲ ထည့်ပြုတ်ပြီးကျက်တော့လွှာထားပါ။

ဆန်ပြုတ်ထဲအဖတ်လေးတွေနဲ့ပိုစားကောင်းပါတယ်
ကြက်သဲမြစ်ပြုပ်ထားတာကိုလဲသေးသေးလေးတွေလှီးထားပါမယ်ရှင်။

ဆန်ပေါင်းအိုးဆန်ချင်ခွက်၃ခွက်ပါ။ တစ်မိသားစုလုံးအဝသောက်ရတယ်နော်။

ဆန်ကိုရေဆေးရေစစ်ထားပြီးရင် ဒယ်အိုးထဲမီးအေးအေးနဲ့မွှေးပြီး ရဲလာအောင်လှော်ပါရှင်။

ရေနွေးထည့်ထားတဲ့အိုးလေးလဲဆန်လှော်နေတဲ့နားအသင့်ဆောင်ထားပါ။ ဆန်လှော်တွေရဲပီးမွှေးလာရင်ရေနွေးထည့်ထားတဲ့အိုးထဲလောင်းထည့်ပါရှင်။

ဒါဆိုအပူအတိုင်းရေနွေးထဲထည့်စိမ်သလိုမို့ ဆန်လှော်တွေကပွလာပြီးနူးလွယ်ပါတယ်။ ပြီးတော့ဆန်လှော်ရင်းတူးသွားတဲ့အဖတ်လေးတွေလဲရေပေါ်ပေါ်လာတာမို့အလိုက်သင့်လေးခပ်ထုတ်လို့ရတယ်။ ဒါဆိုဆန်ပြုတ်အရောင်လေးမနောက်တော့ဘူးပေါ့။

ဆန်ပြုတ် ပြုတ်ဖို့ ပြုတ်ထားတဲ့အရိုးပြုတ်ရည်ကို နောက်သွားအောင် မပြုတ်ပါနဲ့ရှင်။ အရိုးပြုတ်ရည်ကိုနောက်အောင်ကျိုမိရင်တော့ဆန်ပြုတ်က လူမမာနံ့ထွက်လာပါရော။ အမှန်တော့ညှီနံ့ထွက်လာတာပါ။

ဒါ့ကြောင့်အရိုးပြုတ်တော့မယ်ဆိုရင်အရင်ဆုံးရေနွေးတည် ဆူလာရင်ကြက်သွန်ဖြူကိုအလုံးအတိုင်းအပေါ်ခွံတစ်လွှာခွာပြီး ရေစင်အောင်ဆေးထည့်၊ ဂျင်းလက်တစ်ဆစ်ကိုလဲဓားပြားရိုက်ထည့်၊ ပြီးတော့မှကြက်ရိုးတွေထည့်ပြုတ်ပါ။ ဒါဆိုရင်တော့ကြက်ပြုတ်ရည်မွှေးမွှေးလေး
ရပါမယ်။

ဆန်ပြုတ်ပြုတ်မယ့်အိုးထဲကိုကြက်ပြုပ်ရည်တွေကိုစစ်ပြီးမှထည့်ပါရှင်။ ကြက်ပြုတ်ရည်ပွက်ပွက်ဆူလာပြီ
ဆိုရင်တော့ရေစိမ်ထားတဲ့ ဆန်လှော်တွေထည့်ပြုတ်ပါ။

ဆန်ပြုပ်ရဲ့အရေးကြီးဆုံးအခန်းကခုမှစလာတာ ဆန်ပြုတ် ပြုတ်ရင်ဆန်ပြုတ်ကျက်သည် အထိယောင်းမ၊ ဇွန်းနဲ့လုံးဝမမွှေရပါဘူး။ မွှေလိုက်ရင်အိုးကပ်တတ်ပါတယ်။

ဆန်လှော်ကိုအရိုးပြုတ်ရည်ပွက်ပွက်ဆူမှထည့်ပါ
ပြီးတော့လုံးဝယောင်းမ၊ ဇွန်းနဲ့မမွှေဘူးနော်။ ဒါဟာဆန်ပြုတ်ရဲ့အဓိကလျို့ဝှက်ချက်။ ဒီနည်းကိုသုံးပြီးဆန်ပြုတ်ပြုတ်ရင်အိုးလုံးဝမကပ်ဘူးလို့အာမခံပါတယ်။

ဆန်ပြုတ် ပြုတ်ထားတုန်းမှာဂျင်းနဲ့ကြက်သွန်ဖြူကိုမညက်တညက်ထောင်းပြီး ဆီအနည်းငယ်နဲ့ ဆီမွှေးသပ်ပါမယ်။ မွှေးပြီးကြွပ်လာပြီဆိုရင်ဆန်ပြုတ် အိုးထဲထည့်ပါ။

#သတိ -ဇွန်းနဲ့မွှေမိမယ်နော်☺
လှီးထား၊လွှာထားတဲ့ကြက်သား၊ကြက်သဲမြစ်လဲခပ်ပါ
#သတိ-ယောင်ပြီးဆန်ပြုပ်အိုးကိုဇွန်းနဲ့မွှေမိမယ်နော်
ဆား၊အရသာ၊သကြားထည့်ပါ။ ရေကိုအများကြီးတခါတည်းထည့်ပြီးပစ်တည်ထားလဲရသလို ရေထည့်ဖို့လိုမှနည်းနည်းချင်းရေလိုက်လဲရပါတယ်။

ဆန်ကိုလှော်ပြီးပြုပ်ရင်တော့ထမင်းစေ့ကအနည်းငယ်ကြမ်းပါတယ်။ ဒါပေမယ့်ဆန်လှော်နံ့လေးမွှေးနေရော
ဆန်ကိုရိုးရိုးပြုပ်ရင်တော့ထမင်းစေ့ကနူးညံတယ်။ချစ်တို့စိတ်ကြိုက်ပြုတ်လို့ရတယ်နော်။

ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်ကိုအိမ်မှာကြော်ပြီးခပ်ထားတာပါ။ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်ခပ်စားရင်အရသာရှိပါတယ်။ ကြက်သွန်နီကြော်အစား
ကြက်သွန်ဖြူကြော်ကို မညက်တညက်ထောင်းပြီးခပ်လဲ
စားကောင်းတယ်နော်။ ငရုတ်သီးအလှော်မှုန့်ထည့် သံပုရာသီးညှစ်စားလဲရှူးရှဲလေးပါ။

မှတ်ချက်(အရမ်းပျစ်မလာသေးခင်ထမင်းတွေလွတ်လွတ်လပ်လပ် ဂျွမ်းထိုးနေအောင်ထားပါ။ ထမင်းစေ့တွေလိုချင်သလောက်ပြဲလာပြီဆိုမှပျစ်လာရင်မွှေပေးပြီးရပါပြီရှင်)