vegsoup

အသီးရွက်စွပ်ပြုတ်အတွက် ပြင်ဆင်ထားတာအခုလို ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ ကိုယ်ခံအားကောင်းအောင် အခုလို စွပ်ပြုတ်လေးတွေ သောက်သင့်ပါတယ်။
ဗမာကြက်ရိုးလေးကို အရသာနယ်ပြီး ဂျင်း၊ ကြက်သွန်ဖြူလေးနဲ့ ကြာကြာလေး ပြုတ်ရပါမယ်။
အသီးရွက်ကတော့ ကိုယ်ကြိုက်တာ ကိုယ်ထည့်နိုင်ပါတယ်။

ကျွန်မကတော့…
မှို
မုန်ညင်း
အာလူး
မုန်လာဥနီ
ပြောင်းဖူး
ကို ထည့်ပါတယ်
ငုံးဥလေးတွေလည်း ထည့်လို့ရတယ်နော် ကိုယ်ကြိုက်တာ ကိုယ်ထည့်ပါ။

ကြက်ရိုးကို ကြာကြာလေးပြုတ်ပြီးရင်တော့ မာတဲ့အသီးလေးတွေကို အရင်ထည့်ပြုတ်ပါ။

နောက်ဆုံးမှ မှိုထည့်ပါ။

ငရုတ်ကောင်းလေးနဲ့ တရုတ်နံနံလေးအုပ်လိုက်ရင် ကိုယ်ခံကောင်းစေနဲ့ အသီးနှံစွပ်ပြုတ်လေးရပါပြီနော်
ဝိတ်ချလိုတဲ့သူတွေက ထမင်းမစားဘဲ ဒါကြီးပဲ သောက်နိုင်ပါတယ်။