မပြင်းထန်သောကိုဗစ်- အောက်စီဂျင် မလိုပါ
အတော်အသင့်ပြင်းထန်သော ကိုဗစ်တချို့နှင့် အပြင်းစားကိုဗစ်- အောက်စီဂျင် လိုပါသည်
ပေးသင့်သော အချိန်
- အသက်ရှုနှုန်း ၂၄/ မိနစ် ထက်ကျော်လျှင်
- Pulse Oxymeter အဖြေ <92 (ယခင်က အဆုတ်ရောဂါရှိသူများတွင် နဂိုထဲက နည်းနေတတ်ပါသည်)
- အသက်ရှုရခက်လျှင်၊ လှုပ်ရှားတာနဲ့မောလျှင်
ပေးရန်လိုအပ်သောပစ္စည်းများ
- Pulse Oxymeter
- O2 cylinder ပစ္စည်းစုံ(သို့မဟုတ်)
- O2 Concentrator
- Nasal Prong
- Face Mask (လိုအပ်လျှင်)
ဘယ်လောက်ခံမလဲ..ဘယ်လိုပေးမလဲ
- 10 Lit Cylinder – ခေါင်းလုံပြီး စံနစ်တကျ သုံးလျှင် eg-2-3 L/ min ဆိုလျှင် ၂-၃ နာရီ ခံပါသည်
- O2 ရှားပါး၍ 92-95 ရလျှင် အဲဒီပမာဏကို ကျေနပ်ပြီး ဆက်ထားရမည့် အခြေအနေ ဖြစ်ပါသည်
- <92 နှင့် အောက်ရောက်လျှင် စရှုပါ…2L/ min
- 94-95 ရောက်လျှင် ထပ်မတိုးပါနှင့်
- ပြန်ကျလာလျှင် 3 L/min တိုးပေးပါ
- ထပ်ထပ်ကျလာလျှင် 1 L/min စီသာ ထပ်တိုးကြည့်ပါ.. စိတ်ပူပြီး အဆုံးထိ မတင်ပါနှင့်
- 95 ရှိနေလျှင် ကျေနပ်ရမည့် အနေအထား ဖြစ်ပါသည်..ဒီထက် ပိုများအောင် ထပ်မတင်ပါနှင့်
- Nasal Prong ကို ပုံပါအတိုင်း နားနောက်ထည့်၊ မေးစေ့အောက် ပြန်ချည်၍ ခိုင်မြဲနေအောင် ထားပြီး ပေးပါ.. အပေါ်က mask အုပ်ထားလျှင် ပိုမြဲ ပိုဝင်ပါသည်
- ပေးရသည့် အခြေအနေသည် 5L/min အထိ ရောက်နေပြီဆိုလျှင် Mask ကို ပြောင်း၍ အုပ်ပြီး ပေးပါ
O2 Concentrator အတွက်လည်း အထက်ပါ အတိုင်း ချိန်ဆပေးနိုင်ပါသည်
- တဖြည်းဖြည်း တိုးလာရပြီး 8-10 အထိ အခြေအနေမျိုး ဖြစ်ပါက reservoir ပါသုံးရတော့မည်ဖြစ်ပြီး ဆေးရုံသို့ အမြန်သွားသင့်ပါသည်
- 20 L Cylinder များသည်လဲ အထက်ပါ အချိုးအတိုင်း အနည်းဆုံးပေးလျှင် ကြာကြာခံပြီး ပိုပေးလျှင် ၂-၃နာရီကြားသာ ခံပါမည်..
- 40 L cylinder – အနည်းဆုံးပေးရင် ၅ နာရီခန့် ခံပါမည်.. အများဆုံး ပေးရင် ၄ နာရီခန့် ခံပါသည်
- ခံသောအချိန် ကွာခြားမှုသည် အောက်စီဂျင်အိုးတွင် ပြည့်ဝစွာ ပါရှိမှုနှင့် မိမိသုံးစွဲသော အတိုးအလျှော့ပေါ် မူတည်၍ ပြောင်းလဲမှု များစွာ ရှိသည်ကို သတိပြုပါ…ဤ post တွင် မှန်းဆ၍ ရရန်သာ ဖော်ပြပေးရခြင်းဖြစ်၍ သုံးစွဲသူနှင့် ပစ္စည်းပေါ် မူတည်၍ ကွဲလွဲမှု ရှိနိုင်ပါသည်
Face mask သုံးရာတွင် mask ပေါ်ရှိ လေထွက်ပေါက်ပွင့်နေရန် အရေးကြီးပါသည်။
မူရင်းရေးသားသူ ဒေါက်တာဝေမိုးနွယ်







