oxdodonts

❌ မီးလောင်ခြင်းကို အား​ပေးပါတယ်။
မီးဖို​၊ ဖ​ယောင်တိုင်မီး၊ ​ဆေးလိပ်မီး၊ မီးမှန်သမျှနဲ့ ​ဝေးရာမှာထား​ရပါမယ်။

❌ ဆီနဲ့ထိရင် ​ပေါက်ကွဲတတ်ပါတယ်။
ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ​ခေါင်းလိမ်းဆီ၊ အမဲဆီ၊ ​ချောဆီ၊ ဆီမှန်သမျှနှင့် လုံးဝမထိမိ​အောင်ထား​ရပါမယ်။ လှည့်တဲ့ဝှီးဘား​ ကြပ်​နေရင်​တောင် ဆီစွတ်ပြီး မဖွင့်ရပါဘူး။

❌ လေဖြည့်ထားတဲ့အိုးဟာ အတွင်းဖိအား 1800psi ရှိပါတယ်။
​ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုး ​ရှောင်ကြဉ်ရပါမယ်။

⭕ လဲကျခြင်းမဖြစ်​အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်​နှောင်ထားရပါမယ်။

⭕ radiation မဖြစ်တဲ့အတွက် သူ့နားမှာ ဖုန်း​ပြောနိုင်ပါတယ်။

​သတိရှိနိုင်ကြပါ​စေ။