ကာလသားရောဂါဖြစ်ရင် ဒီလိုလက္ခဏာတွေပြပါတယ်

အမျိုးသားရော အမျိုးသမီးမှာပါဖြစ်တဲ့ ရောဂါလက္ခဏာတွေကတော့…..

ဆီးလမ်းကြောင်းနှင့် လိင်အင်္ဂါလမ်းကြောင်းတိုမှ ပြည်ကျခြင်း၊

ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း၊

ဆီးကျင်ခြင်း၊ ဆီးအောင့်ခြင်း၊

လိင်အင်္ဂါတွင် အနာပေါက်ခြင်း၊

လိင်အင်္ဂါတွင် ကြွက်နိုပေါက်ခြင်း၊

လိင်အင်္ဂါတဝိုက် ယားယံခြင်း၊

ပေါင်ခြံတွင် အကျိတ်ထွက်ခြင်း၊

အောက်ဖော်ပြပါ လက္ခဏာတွေကတော့ အမျိုးသမီးတွေမှာသာဖြစ်လေ့ရှိပါတယ်…..

လိင်ဆက်ဆံနေတုန်းမှာ မခံမရပ်နိုင်အောင် နာကျင်ခြင်း၊ အောင့်ခြင်း၊

ဆီးစပ်အောက်ပိုင်း ကိုက်ခဲခြင်း၊ အောင့်ခြင်း၊

သတိထားသင့်တာကတော့ အမျိုးသမီးတွေမှာဆိုရင် ရောဂါလက္ခဏာမပြဘဲနဲ့လည်း ကာလသားရောဂါ ရှိနေတတ်တဲ့အပြင် နောက်ဆက်တွဲအန္တရာယ်တွေလည်း ဖြစ်နိုင်ပါတယ်…..

ဒါကြောင့် ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခဲ့ဖူးတယ်ဆိုရင် ကာလသားရောဂါစစ်ဆေးကြည့်တာ အကောင်းဆုံးပါ…..