အာဟာရရှိအောင်ဆိုပြီး ကျွန်တော်တို့က လူမမာ ကို အာဟာရမှုန့်တော့ တိုက်ပါရဲ့ ဒါပေမယ့် လူနာ က ဘာမှ မထူးလာဘူး…. ဘာလို့လဲ????
(၁) ဖျော်စပ်နည်း မှားခြင်း – အာဟာရမှုန့် တွေ ဟာ တံဆိပ်ပေါ်မူတည်ပြီး ရေနွေးနဲ့ ဖျော်ရတာ ရေကျက်အေးနဲ့ ဖျော်ရတာ စသဖြင့် ရှိပါတယ်။ သူတို့ ဘူးတွေ မှာ ဖော်ပြထားတဲ့ အတိုင်း ရေ အမျိုးအစား သုံးရပါမယ်။
(၂) အာဟာရမှုန့် ပမာဏ မှားခြင်း – နာမည်ကြီး တံဆိပ်တွေ တော့ ဝယ်တိုက်နေပါရဲ့ ဖျော်တာ က ဖျော်နည်းအတိုင်း မဖျော်ပဲ ကုန်ကျသက်သာအောင် အမှုန့်နည်းနည်း ပဲ ထည့် ဖျော်ပြန်ရင် အာဟာရ ရရှိမှု့ကလဲ ကြိမ်းသေပေါက်နည်းပါမယ်။ ပြီးတာ့ လူနာ က ဒါသောက်နေတာပဲ ဆိုပြီး (false security ) လုံလောက်ပြီထင်ပြီး တခြား အာဟာရ ရှိတာတွေ မကျွေးမိတော့ရင် လူနာရဲ့ အာဟာရ အခြေအနေ ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ် သောက်နေတဲ့ အာဟာရမှုန့် ဘူးပေါ်မှာ ရေးထားတဲ့ ဖျော်စပ်နည်း အညွှန်းကို သေချာဖတ်ပါ။ ခွင့်ပြုချက် ရ အာဟာရမှုန့် အားလုံးနီးပါး မြန်မာ ဘာသာဖြင့် ရေးထားလေ့ရှိပါတယ်။
(၃) လူနာသောက်ချင်ဇော နဲ့ အရမ်းခပ်ပျစ်ပျစ် ဖျော်ပြန်ရင်လဲ ဝမ်းလျှောတာ ဖြစ်လာနိုင်ပါတယ်။
(၄) လုံးဝ အဖတ်မစားနိုင်တဲ့ လူနာမှာ အာဟာရမှုန့် ပဲ တိုက်မယ်ဆိုရင် အနည်းဆုံး ၄-၅ ကြိမ်တော့ ဝင်ဖို့လိုပါတယ်။ တခြား အစားလဲ စားနေတယ် ဆိုရင် ဒီထက်လျှော့လို့ရပါတယ်။
ဒါဆို အာဟာရမှုန့် က မဖြစ်မနေ တိုက်ရမှာလား????- မဟုတ်ပါ။ ကိုယ့်နိုင်ငံ အနေအထားအရ ပိုလို့တောင် မဖြစ်နိုင်ပါ။ ဝယ်တိုက်လို့ အဆင်ပြေတဲ့ သူက ဝယ်တိုက်။ မတိုက် နိုင်တဲ့ သူတွေ က အရှေ့မှာ ရေးထားခဲ့တဲ့ ပို့စ် တွေ က အတိုင်း ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်တတ်နိုင်တာနဲ့ အာဟာရပြည့်အောင် ချက်ကျွေးပါ။
မှတ်ချက် – အာဟာရမှုန့် တွေ ကြေညာပေးခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။
ရေးသားသူ ဒေါက်တာ ညီညီကျော်
