ချောင်းဆိုးခြင်းဆိုတာ လည်ချောင်းနဲ့ရင်ခေါင်းမှာရှိတဲ့ အရည်တွေကို ပြန်ရှင်းထုတ်တဲ့ တုံ့ပြန်မှုတစ်ခုပါ။ လည်ပြွန်မှာရှိတဲ့ အာရုံကြောလေးတွေကို သွားဆွလိုက်သလိုဖြစ်ရင် ချောင်းဆိုးခြင်းဆိုတဲ့ ဖြစ်စဉ်ဖြစ်လာပါတယ်။ ကလေးငယ်တစ်ဦးချောင်းဆိုးနေတယ်ဆိုတာ သူ့ကိုယ်ခန္ဓာက သူလုပ်ရမယ့်တာဝန်တစ်ခုကိုထမ်းဆောင်နေတာဖြစ်ပါတယ်။
ချောင်းဆိုးခြင်းဆိုတာ ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်ပါတယ်။ ရိုးရိုးအအေးမိပြီးဖျားတာကြောင့်လည်း ချောင်းဆိုးနိုင်သလို ၊ ခုလိုမိုးရာသီမှာဖြစ်တတ်တဲ့ တုပ်ကွေးရောဂါကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ တုပ်ကွေးက Virus ကြောင့်ဖြစ်တာမို့ တုပ်ကွေးကြောင့်ချောင်းဆိုးရင် ပိုးသတ်ဆေးတွေက သိပ်အကူအညီဖြစ်စေမှာမဟုတ်ပါဘူး။ Virus ကြောင့်ဖြစ်တဲ့ ဖျားနာမှုတွေဟာ ကိုယ်ခံအားကပြန်တိုက်နိုင်သွားရင် နေပြန်ကောင်းသွားပါတယ်။
ကလေးငယ် ချောင်းဆိုးတဲ့အခါ အောက်ပါအချက်တွေကို ပြန်ဆန်းစစ်ကြည့်ရပါမယ်။
ချောင်းဆိုးခြင်းနဲ့အတူ
-နှာပိတ်ခြင်း
-နှာရည်ယိုခြင်း အစရှိတာတွေတွဲဖက်နေရင် အအေးမိတာဖြစ်နိုင်ပါတယ်။

တကယ်လို့
ချောင်းဆိုးခြင်းနဲ့အတူ အပေါ်ကလက္ခဏာတွေအပြင်
-ဖျားနာခြင်း
-ကိုယ်လက်ကိုက်ခဲခြင်း
-လည်ချောင်းနာခြင်း စတာတွေ တွဲဖက်နေရင်တော့ တုပ်ကွေးကြောင့်ဖြစ်နိုင်ပါတယ်။

ကလေးငယ်တွေမှာ ချောင်းဆိုးရတဲ့ အခြားအကြောင်းရင်းတွေလည်းရှိပါသေးတယ်။ အဲဒါတွေကတော့
• နွေဦးနဲ့ ဆောင်းဦးမှာ အဖြစ်များတဲ့ ဓာတ်မတည့်မှုတွေကြောင့် ချောင်းဆိုးခြင်း (Allergy)
• ကြက်ညှာချောင်းဆိုးရောဂါ
• ပန်းနာရင်ကြပ်ရောဂါ
• အဆုတ်ရောင်ရောဂါ
စတာတွေကြောင့်လည်းချောင်းဆိုးနိုင်ပါတယ်။ ကလေးငယ်ချောင်းဆိုးတဲ့အခါ သာမန်မဟုတ်တဲ့ ချောင်းဆိုးသံမျိုးကြားရမယ်…အဖျားတာရှည်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသရပါမယ်။

ချောင်းဆိုးတာဘယ်လောက်ကြာတတ်သလဲ?
ကလေး ချောင်းဆိုးတာ ဘယ်တော့ပျောက်မလဲ…ဆိုတဲ့မေးခွန်းက ဖေဖေ၊မေမေတို့ အမြဲမေးတတ်တဲ့မေးခွန်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ခံအား၊ ဖြစ်တဲ့ရောဂါပေါ်မူတည်ပါတယ်။
ရိုးရိုးအအေးမိဖျားနာလို့ ချောင်းဆိုးတာဆိုရင် တစ်ပတ်ကနေ နှစ်ပတ်အတွင်းပျောက်ကင်းတာများပါတယ်။ ကလေးငယ်တစ်ဦးဟာ ၄ပတ်ထက်ပိုပြီးချောင်းဆိုးနေရင်တော့ ဒါကို နာတာရှည်ချောင်းဆိုးခြင်း ( chronic cough ) လို့သတ်မှတ်ပြီး အခြားစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။
ကလေးကိုချောင်းဆိုးသက်သာအောင် ဘယ်လိုပြုစုမလဲ?
• ဆေးတိုက်ခြင်း
ကလေးများစိတ်ချစွာသောက်သုံးနိုင်တဲ့ ချောင်းဆိုးပျောက်ဆေး ဆေးရည် သို့်မဟုတ် ဆေးဝါးများကို တိုက်နိုင်ပါတယ်။ ဆရာဝန်ကိုမေးပြီးမှ တိုက်ရင်ပိုကောင်းပါတယ်။ ကလေးရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး တိုက်သင့်တဲ့ပမာဏအညွှန်းအတိုင်း တိတိကျကျ တိုက်ပေးရင် ချောင်းဆိုးသက်သာလာနိုင်ပါတယ်။
• ရေနွေးငွေ့ပေးခြင်း
Steam လို့ခေါ်တဲ့ရေနွေးငွေ့ကို ရှူရှိုက်ခိုင်းရင်လည်း ချောင်းဆိုး၊နှာပိတ်နေတဲ့ကလေးအတွက် နေရသက်သာစေပါတယ်။
• လေထုစိုထိုင်းဆညီမျှအောင်ပြုလုပ်ပေးခြင်း
ကလေးများကို လေအေးပေးစက်တပ်တဲ့အခန်းမှာ အမြဲထားရင် လေထုထဲမှာအစိုဓာတ်ရအောင် Humidifier ထားပေးသင့်ပါတယ်။ ကလေးငယ်များ ရှူရှိုက်ရတဲ့လေ အမြဲအေးစက်ခြောက်သွေ့နေရင် ချောင်းဆိုး၊ နှာစေး၊နှာပိတ်ပိုဆိုးတတ်ပါတယ်။
• အရည်များများတိုက်ခြင်း
ရေ၊ ဓာတ်ဆားရည်၊ အသီးဖျော်ရည် စတဲ့ အရည်များများ ဝင်အောင်တိုက်ခြင်းဟာ ချောင်းဆိုးနေတဲ့ကလေးရဲ့ လည်ချောင်းထဲက ချွဲတွေကို ပါးစေပြီး ချောင်းဆိုးရင် ဟပ်ထုတ်ဖို့ပိုမိုလွယ်ကူစေပါတယ်။
ချောင်းဆိုးနေတဲ့ကလေးငယ်ကို အထက်ပါအတိုင်းပြုစုပေးမယ်ဆိုရင် ဝေဒနာလက္ခဏာတွေဟာ တဖြည်းဖြည်းလျော့ပါးပြီး ပျောက်ကင်းလာပါလိမ့်မယ်။
တကယ်လို့
• ကလေးဟာ အစာနဲ့ရေ ကောင်းကောင်းမဝင်ရင်
• အသက်ရှူတိုင်း ရွှီ ရွှီ မြည်နေရင်
• အဖျားကြီးရင်
• ချောင်းဆိုးတာ တစ်လကျော်တဲ့အထိမပျောက်ရင်တော့ ဆရာဝန်နဲ့ပြသရပါမယ်။
အရေးကြီးတဲ့အချက်တွေကတော့
-ချောင်းဆိုးတဲ့အခါ သွေးစများပါလာခြင်း
-နှုတ်ခမ်း၊ မျက်နှာ နှင့် လျှာများ ပြာနှမ်းခြင်း
-အသက်ရှူရခက်ခဲနေခြင်း စသည်တို့ဖြစ်ပါတယ်။ ဒီအချက်ထဲက တစ်ခုခုဖြစ်ရင်တော့ ချက်ချင်း ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးပြရမှာဖြစ်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

မောင်(ဆေး-၁)