warning

ဖြစ်နိုင်ချေအကြောင်းရင်း ၃ ခု
၁) အဆုတ်သွေးကြောပိတ်တာ( Pulmonary embolism)
ကိုဗစ်မှာ – ပိုးကြောင့်သွေးခဲတတ်ပါတယ်၊ ထို့အတူ အောက်ဆီဂျင်ကျတဲ့အခါ အငြိမ်နေရတော့ ခြေလက်လှုပ်ရှားမှုနည်းတယ် ၊ အချိန်ကြာလာရင် ခြေထောက်သွေးကြောအခဲလေးတွေ ဖြစ်လာတယ်၊ နေကောင်းတော့ ပြန်လှုပ်ရှားချိန်မှာ ခြေထောက်ကသွေးကြောခဲလေးက ပြုတ်ထွက်ပြီး သွေးပြန်ကြောကနေတဆင့် အဆုတ်မှာ သွားပိတ်တာ၊
* D dimer နဲ့စစ်ပြီး သွေးပျစ်အခြေအနေကြည့်ပြီး သွေးကျဲဆေး ထိုးကြ သောက်ကြရပါတယ် ( ဆရာဝန်ညွှန်ကြားမှုဖြင့်သာ)

ဘယ်လိုကာကွယ်မလဲ?

ခြေထောက်သွေးကြောမခဲအောင် အငြိမ်နေနေရချိန်မှာ- ဘေးက ပြုစုသူက လုပ်ပေးရင်ပိုကောင်းပါတယ်

  • ခြေဆင်းထားမယ်၊ ခြေချင်းဝတ်ကနေ ခြေဖဝါးဖက် အောက်စိုက်ချမယ် ၊ ပြီးရင် ခြေဖမိုးဖက်ကော့တင်မယ်၊ အဲလို အတင်အချ ၅-၁၀ ကြိမ်လုပ်ပေး၊ ပြုစုသူက ခြေဖျားတဖက်ကိုင် တဖက်က ခြေချင်းဝတ်အပေါ်နားကိုင်ပြီး အဆစ်ကို အထက်ကပြောသလို လုပ်ပေးပါ။
  • ဒူးခေါင်းကို ကွေးလိုက်ဆန့်လိုက် အိပ်လျက်အနေအထားလုပ်ပေးပါ ၊ ၅-၁၀ ကြိမ်
  • ခြေဆန့်လျက်သား အိပ်ထမတင်လုပ်သလို မြှောက်တင်ပေးပါ ၅-၁၀ ကြိမ်

အထက်ပါ ၃ မျိုးကို တနေ့ ၂ကြိမ် လုပ်ပေးပါ၊
လူနာကိုယ်တိုင်ထက် ပြုစုသူလုပ်ပေးပါက လူနာ အမောသက်သာပါတယ်၊ အောက်ဆီဂျင်ကောင်းပါက ကိုယ်တိုင်လုပ်နိုင်ပါတယ်။


၂) နှလုံးကြွက်သားရောင်ခြင်းနှင့်နှလုံးခုန်မူမမှန်ခြင်း (Myocarditis and Ventricular fibrillation)
ကိုဗစ်ကြောင့် နှလုံးကြွက်သားရောင်တတ်ပါတယ် ၊ အစာကြောင့်မဟုတ်ပဲ ရင်တုန်မယ် ရင်ဘတ်အောင့်မယ် (ဝဲဘက်ရင်အုံ) သွေးခုန်နှုန်း/နှလုံးခုန်နှုန်းတွေမြန်နေမယ် – ၁၀၀ အထက်ချည်းပဲဆို သတိထားပါတော့

  • ECGဆွဲ သွေးစစ်ရပါမယ်၊ ဆရာဝန်နှင့်ပြရပါမယ်
  • အောက်ဆီဂျင်ပြန်တက်ပေမဲ့လည်း နှလုံး ထိမထိမသိနိုင်သည့်အတွက် နားနားနေနေ နေပါ၊ ခုန်ပေါက်အားကစားရေကူးအပြေး အနဲဆုံး ၁လ မလုပ်ရပါ၊ ၃ လအထိနားပေးသင့်ပါတယ်

အထူးသဖြင့် ရင်တုန်ပြီး နှလုံးခုန်မြန်သူများ သေချာစစ်ဆေးပေးပါ


၃) လေအိတ်လေးများ အလုပ်မလုပ်ခြင်း ( alveolar collapse)
ဒါကတော့ မြန်မာပြည်သီးသန့်ပါ၊ တခြားနိုင်ငံကတော့ ဆေးရုံကုသမှုနဲ့ အောက်ဆီဂျင်ရှုရတာဖြစ်တဲ့အတွက် ဒါကြောင့် သေနှုန်း နဲပါတယ်၊
ဒါတောင် ကိုဗစ်ပိုးကြောင့် လေအိတ်နံရံတွေ ပါးနေတာ ပျက်ဆီးနေတာ ရှိတတ်ပါတယ်၊ အဲဒိအခါမျိုးမှာတောင် အောက်ဆီဂျင်ညှိရင်း လေအိတ်ကွဲတတ်ပါတယ်၊
ပိုးကြောင့် ပျက်ဆီးသွားတဲ့ လေအိတ်တွေက ဆရာဝန်တွေ လက်မှိုင်ချရပါတယ်၊ အနိစ္စသဘော ကိစ္စချောပါတယ်ရှင်၊ ကယ်မရပါ။
မြန်မာပြည်မှာက ကိုယ်တိုင်ရှုကြသူတွေ သတိထားရပါမယ်

✅ O2 ၉၅ အောက်ရောက်တာနဲ့ စရှုရပါမယ်၊ စစချင်း 1L လောက်နဲ့ အောက်ဆီဂျင် ပေါ်မူတည်ပြီးလိုတိုးပိုလျော့ရပါမယ်၊ ရှူရာမှာလည်း ဆက်တိုက်ကြီး တနေကုန်မျိုး မဟုတ်ပဲ ၁၀ မိနစ်ရှူ ၊ နား၊ အောက်ဆီဂျင်ပြန်တိုင်း စသဖြင့် level ပေါ်မူတည်ပြီး ချိန်ရှူသင့်ပါတယ် ၊
အောက်ဆီဂျင် ၈၅-၉၀ အောက်ကျသူများကတော့ ပိုရှူရပါတယ်၊ ကြာကြာရှုပြီးရင် ပြန်တက်လာပီဆိုပြီး တိကနဲ ဖြတ်ပီး ထသွားထလာ မလုပ်သင့်ပါဘူး၊ လှုပ်ရှားပြီးရင်ပြန်တိုင်းရပါမယ်၊ ကျနေတတ်ပါတယ်၊
Oxygen wean off ( ဖြေးဖြေးချင်း လျော့ပြီး ဖြတ်ရပါတယ်)