ကာကွယ်ဆေးမထိုးနှံမီ

✅ အိပ်ရေးဝဝအိပ်ပါ
✅ အရည်များများသောက်ပါ (အနည်းဆုံး ရေ ၈ ဖန်ခွက်)
❎ အရက်သေစာ သောက်စားခြင်း ရှောင်ကြဉ်ပါ (ရေဓာတ်ခန်းခြောက်စေသည့်အပြင် ပျို့အန်ခြင်းကို ပိုဆိုးစေပါတယ်)
❎ ကဖင်းဓာတ်ပါသော အရည်များ မသောက်ရ
❎ နာတာရှည် ရောဂါသည်များအနေဖြင့် စွဲသောက်နေကြ ဆေးဝါးများအား ဆရာဝန် မညွှန်ကြားဘဲ ရပ်စရာ မလိုပါ
❎ နေမကောင်းဖြစ်နေပါက ကာကွယ်ဆေးမထိုးနှံသင့်ပါ

ကာကွယ်ဆေးထိုးနှံစဉ်

✅ လက်မောင်းတွင် ဆေးထိုးရ လွယ်ကူအဆင်ပြေစေမည့် အဝတ်အစားမျိုး ဝတ်ဆင်ပါ
✅ ဘောပင် ဆောင်သွားပါ
✅ ဗိုက်ပြည့်အောင် စားသွားပါ
✅ ကာကွယ်ဆေးထိုးစုရပ်သို့ အနည်းဆုံး ၁၅ မိနစ်အလို ရောက်နေပါစေ
✅ သင့်ကျန်းမာရေးမှတ်တမ်းကို ပြည့်ပြည့်စုံစုံ အသိပေးပါ (ဥပမာ ရောဂါအခံ၊ ဓာတ်မတည့်ခြင်း၊ စွဲသောက်နေကြဆေးဝါး)

ကာကွယ်ဆေးထိုးနှံပြီးနောက်

✅ ကာကွယ်ဆေးထိုးစုရပ်တွင် မိနစ် ၃၀ ခန့် ထိုင်စောင့်ပါ (ကာကွယ်ဆေးနှင့် ဓာတ်မတည့်သော လက္ခဏာများ ဖြစ်သည့် သွေးပေါင်ချိန်ရုတ်တရက်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ခန္ဓာကိုယ်အနှံ့ယားယံခြင်း၊ အနီကွက်ထခြင်း၊ မျက်နှာရောင်ကိုင်းခြင်း အစရှိသဖြင့် တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက အရေးပေါ် ဆေးကုသမှု ခံယူနိုင်ရန် ဖြစ်ပါတယ်)

အဖြစ်များသောလက္ခဏာများ

💉 ကာကွယ်ဆေးထိုးနှံသည့်နေရာတွင် နာကျင်ခြင်း၊ နီမြန်းခြင်း (ရေခဲကပ်ပါ)
💉 ဖျားခြင်း (Paracetamol 500mg သောက်ပါ)
💉 မောပန်းခြင်း (အနားယူပါ)
💉 ခေါင်းကိုက်ခြင်း
💉 ကိုယ်လက်နာကျင်ကိုက်ခဲခြင်း
ပြင်းထန် လက္ခဏာများ ဖြစ်ခဲပါတယ်။ ဒါပေမဲ့ ဖြစ်လာခဲ့လျှင်
(၁) ကာကွယ်ဆေးထိုးနှံရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားပါ
(၂) ထိရောက်သော ဆေးကုသမှု ခံယူပါ
(၃) ကာကွယ်ဆေးကြောင့် ဟုတ်မဟုတ် စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်


ကာကွယ်ဆေးထိုးနှံပြီးလည်း အောက်ဖော်ပြပါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံးရပါမယ်
⚠️ Mask တပ်ပါ
⚠️ လက်ဆေးပါ
⚠️ ခပ်ခွာခွာနေပါ


Source: WHO