အမေရိကမှာ (၃၇) စက္ကန့်တိုင်းမှာ လူတစ်ယောက်နှုန်းဖြင့်
နှလုံးရောဂါကြောင့် အသက်ဆုံးရှုးနေကြပါတယ်။
တစ်နှစ်ကို လူပေါင်း (၆၅၀၀၀၀) အထိ ရှိပါတယ်။
(၂၀၁၄) ကတည်းက နှစ်တိုင်း အရေအတွက်တွေ ပိုတိုး
လာခဲ့ပါတယ်။

ဒီရောဂါက ကြိုတင်ကာကွယ်ထားလို ရနိုင်ပါတယ်။
ကြိုတင်ကာကွယ်ရမယ့် အဆင့်တွေကလည်း သိပ်ပြီးတော့
မရှုပ်ထွေးပါဘူး။

ပြဿနာက ကျွန်တော်တိုအများစုက ဒါကို မလုပ်ကြဘူးလေ။

နှလုံးရောဂါအတွက် အန္တရာယ်အရှိဆုံးလူတွေက
ဒီရိုးရှင်းတဲ့ကြိုတင်ကာကွယ်ရမယ့် အချက် (၇) ချက်ကို
လုပ်ဆောင်ခြင်းဖြင့် ရောဂါအန္တရာယ်ကို (၈၀) ရာခိုင်နှုန်းအထိ
လျော့ချနိုင်ပါတယ်။

ဒီအဆင့် (၇) ချက်က နှလုံးရောဂါကို ကာကွယ်ပေးနိုင်ရုံတင်
မကဘဲ လေဖြတ်ခြင်းကိုလည်း (၅၀) ရာခိုင်နှုန်းအထိ
ကာကွယ်ပေးနိုင်သလို ကင်ဆာရောဂါကိုလည်း သုံးပုံတစ်ပုံ
အထိ ကာကွယ်ပေးနိုင်ပါတယ်။

ဒီအချက် (၇) ချက်က ကျွန်တော်တိုကို ဒေါ်လာပေါင်းများစွာ
မကုန်ကျနိုင်စေသလို သိပ်ပြီးတော့လည်း မရှုပ်ထွေးပါဘူး။

⏩ကယ်ချစ်ရတဲ့တစ်စုံတစ်ယောက်ရဲ့ ဘဝကို ကယ်တင်နိုင်ဖို
ရိုးရှင်းတဲ့ အချက် (၇) ချက်က

၁။ ကိုယ်လက်လှုပ်ရှားမှုများကို တက်တက်ကြွကြွ လုပ်ဆောင်ပါ။
ကြံ့ခိုင်ဖြတ်လတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုများကို တစ်ပတ်ကို
(၇၅) မိနစ် သိုမဟုတ် ကိုယ်လက်လှုပ်ရှားအားကစား
(၁၅၀) မိနစ် ကို လုပ်ဆောင်ပါ။

၂။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ။
ဒီနေရာမှာ အဓိပ္ပာယ်သတ်မှတ်ချက်တွေ အများကြီးရှိနေပါတယ်။
သကြားနဲ့ အချိုဓာတ်မြင့်မားသော အစားအသောက်များကို
အဓိကအားဖြင့် ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

၃။ ဆေးလိပ်မသောက်ပါနဲ့။
ဆေးလိပ်သောက်တတ်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို
ထိရောက်တဲ့နည်းလမ်းနဲ့ ဆေးကုသမှုတွေ အများကြီး ရှိပါတယ်။

၄။ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို
ထိန်းသိမ်းထားပါ။
ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို BMI နဲ့
တိုင်းတာပါတယ်။ ကျန်းမာရေးနှင့် မညီညွတ်သော
ကိုယ်အလေးချိန်ကို တိုင်းတာဖို အကောင်းဆုံးက ခါးအတိုင်း
ပါပဲ။ အမျိုးသားတစ်ယောက်က ခါး (၄၀) လက်မနှင့်
အမျိုးသမီးတစ်ယောက်က ခါး (၃၅) လက်မထက် ကျော်လွန်
နေလျှင် ကျန်းမာရေးနှင့် မညီညွတ်ပါဘူး။

၅။ သွေးပေါင်ချိန် ကောင်းမွန်အောင် နေထိုင်ပါ။
(120/80 mmHg) အောက်မှာ ရှိနေရင် ပုံမှန်သွေးပေါင်ချိန်ပဲ
ဖြစ်ပါတယ်။

၆။ ကျန်းမာရေးနှင့် ညီညွတ်သော ကိုလက်စထရောကို
ထိန်းသိမ်းထားပါ။ ကိုလက်စထရောဓာတ်က 100 mg/dL
အောက်ဘက်မှာ ရှိနေရပါမယ်။

၇။ သွေးတွင်းသကြားဓာတ်ကို ကျန်းမာရေးနှင့် ညီညွတ်အောင်
ထိန်းသိမ်းပါ။ သွေးတွင်းသကြားဓာတ်က 100 mg/dL
အောက်မှာ ရှိနေရပါမယ်။

ဒီအချက် (၇) ချက်ကို နှလုံးသွေးကြောပိတ်ရောဂါနှင့်
လေဖြတ်ရောဂါ ဝေဒနာရှင်များအားလုံးနှင့် ကျွန်တော်
မျှဝေပြောဆိုခဲ့ပါတယ်။ ဒီအချက်တွေကို ကောင်းကောင်းလိုက်နာ
ဆောင်ရွက်သူများက ရောဂါကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်
ကြပါတယ်။

နှလုံးရောဂါနှင့် လေဖြတ်ခြင်းများကို ကြိုတင်ကာကွယ်နိုင်တဲ့
သက်သေအထောက်အထားတွေ ကျွန်တော်တိုဆီမှာ ရှိနေ
ပါတယ်။ ဒါကို ကြိုတင်ကာကွယ်ဖိုက သင်ကိုယ်တိုင်ရဲ့
လက်ထဲမှာပဲ ရှိနေပါတယ်။