မျက်စိခြောက်သွေ့ခြင်း (dry eye) ဟာ မျက်ရည် ပမာဏနှင့် အရည်အသွေးလျော့ကျလာခြင်းကြောင့် ဖြစ်ပေါ်တတ်သော နာတာရှည် ရောဂါတစ်မျိုး ဖြစ်ပါတယ်…
ယခု ကာလအတွင်း အိမ်မှာပဲနေရင်း မျက်စိခြောက်သွေ့ခြင်း (dry eye) သက်သာစေနိုင်မယ့် နည်းလမ်းအချိုကို မျှဝေလိုက်ပါတယ်…

▪️ မျက်စိကို အကြာခဏ အနားပေးပါ

ကွန်ပျူတာနှင့် ဖုန်းကို အနားတမ်း ကြည့်ရှုအလုပ်လုပ်နေခြင်းက မျက်စိကို ပိုမိုခြောက်သွေ့စေပါတယ်။ ဒါကြောင့် နာရီဝက်တစ်ခါ အလုပ်စားပွဲမှ အနားယူပြီး မျက်တောင်ခပ်ခြင်း၊ မျက်စိမှိတ် အနားယူခြင်းများ ပြုလုပ်ပေးပါ။

▪️ မျက်တောင် မကြာခဏခပ်ပါ

မျက်လုံးကို အားထည့်၍ မျက်စိစုံမှိတ်ပြီး မျက်တောင်ခတ်ခြင်းက မျက်လုံးအတွင်းရှိ အရည်အိတ်လေးများကို ပွင့်စေပြီး မျက်စိခြောက်သွေ့မှုကို သက်သာစေပါသည်။

▪️ ငါးကြီးဆီနှင့် ကောင်းမွန်သောဆီများကို ပိုမိုစားသုံးပေးပါ။

အိုမီဂါ ၃ နှင့် အခြား ကောင်းမွန်သော အဆီဓါတ်များ (Essential Fatty Acid) များကို စားသုံးပေးခြင်းသည် မျက်စိခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါသည်။
အိုမီဂါ ၃ ရရှိနိုင်သော အစားအစာများမှာ-
တူနာငါး
ငါးကြီးဆီအားဆေး
ပဲအမျိုးမျိုး စသည်တို ဖြစ်ပါသည်။

▪️ အရက်နှင့်ဆေးလိပ်ရှောင်ပါ

အရက်သောက်ခြင်းသည် ရေဓါတ်ဆုံးရှုးမှုကို ပိုမိုဖြစ်စေနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းကလဲ မျက်စိခြောက်သွေ့ခြင်း ဖြစ်ပေါ်မှုနှုန်းကို ၂ ဆခန့် မြင့်တက်စေနိုင်ပါသည်။

▪️ လိုအပ်လျှင် မျက်ရည်တု မျက်စဥ်း ခပ်ပါ

တာရှည်ခံ ဓာတုပစ္စည်းများ မပါဝင်သည့် မျက်ရည်တုကို ရွေးခြယ်သုံးစွဲပါ။ မျက်ရည်တု မျက်စဥ်းတွင် ပါဝင်သော pH ပမာဏသည် သဘာဝမျက်ရည် အတိုင်းတူညီသင့်ပါသည်။

မျက်စိခြောက်သွေ့ခြင်းကို အကာင်းဆုံးကုသမှု ခံယူနိုင်ရန် အတွက် မျက်စိဆရာဝန်ဖြင့် တိုင်ပင်၍ ကုသမှု ခံယူပါ