eggs-emotions

🍲 လူတစ်​ယောက် ​နေမ​ကောင်းဖြစ်ရင် 𝐂𝐚𝐭𝐚𝐛𝐨𝐥𝐢𝐬𝐦 (ဇီဝကမ္မပျက်နှုန်း) များတာ​ကြောင့် 𝐂𝐚𝐫𝐛𝐨𝐡𝐲𝐝𝐫𝐚𝐭𝐞 (ကစီဓါတ်) နဲ့ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ပုံမှန်ထက် ပိုလိုအပ်ပါတယ်၊ ​ရောဂါတိုက်ထုတ်ဖို့အတွက်​တော့ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐀, 𝐂, 𝐄, 𝐙𝐢𝐧𝐜 နဲ့ 𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬 (ဗီတာမင် ​အေ, စီ, အီး, ဇင့် နဲ့ ဒိန်ချဉ်မှရ​သော ပရိုဘိုင်အိုတစ်) လိုပါတယ်

🍲 ကြက်ဥစားခိုင်းတယ်ဆိုတာ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ရဖို့အတွက်ပါ
တကယ်က ကြက်ဥမှ မဟုတ်ပါ၊ ဘဲဥ၊ ငုံးဥလဲ ရပါတယ်

🍲 စား​တော်ပဲ၊ ပဲနီ​လေး၊ ပဲလိပ်ပြာ၊ ပဲပြား၊ ကုလားပဲ၊ ​မြေပဲ၊ ဘာပဲဖြစ်ဖြစ်ပါ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ​တွေပါပဲ
အဖတ်မဝါးနိုင်ရင် ပဲနို့ရည်တိုက်လို့ရသလို ပဲနီ​လေးကို နူး​နေ​အောင် ကျိုချက်တိုက်လို့ ရပါတယ်

🍲 ကြက်ဥ ၁လုံး ၂၀၀ × ၄လုံး = ၈၀၀ ဆို အသား ၈၀၀ဖိုး ဝယ်စားရင် ပို​တောင်​​ကောင်းပါ​သေးတယ်
အသား/ငါး ဘယ်ဟာဖြစ်ဖြစ် 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ရပါတယ်
ငါး​လေးအိုးကပ်ချက်တဲ့ ငါး​သေး​သေး​လေး​တွေဆို ​စျေးလဲသက်သာပြီး 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) တင် မကဘူး၊ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 (ဗီတာမင် ဒီ) ဓါတ်​တောင် ပါပါ​သေးတယ်

🍲 ဂျုံ/မု​ယောစပါး၊ ​ကွေကာအုပ်လို အနှံ(𝐆𝐫𝐚𝐢𝐧𝐬)​ တွေကလဲ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ရပါတယ်

🍲 သီဟို​စေ့၊ ဗာဒံ​​စေ့ နဲ့ ထောပတ်သီးမှာလဲ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ပါပါတယ် (𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐄 နဲ့ 𝐙𝐢𝐧𝐜 ​တောင် အပိုပါ​သေး)

🍲 နို့နဲ့ နို့ထွက်ပစ္စည်း​တွေမှာလဲ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ပါပါတယ်

🍲 ကြက်ဥအကာပဲစား၊ အနှစ်မစားနဲ့ 𝐂𝐡𝐨𝐥𝐞𝐬𝐭𝐞𝐫𝐨𝐥 (ကိုလက်စထ​ရော) တက်လိမ့်မယ်ဆိုတာ ​ရွေးချယ်စရာရှိတဲ့ အ​နေအထားမှာ​တော့ မှန်ပါတယ်၊ ​ငွေကြပ်တည်း၊ ​ချွေတာ​နေရသူ​တွေ ကြက်ဥအနှစ်​တွေ မလွှတ်ပစ်ပါနဲ့၊ 𝐄𝐧𝐞𝐫𝐠𝐲 (စွမ်းအင်) ရပါတယ်

🍲 နိဂုံးချုပ်ရရင် အသား/ပဲ/ဥ/အနှံ – ​လေးမျိုးလုံးမှာ ပါတဲ့ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) က သိပ်မကွဲပြားပါဘူး။

မူရင်းရေးသားသူ: Dr.Ni