ကိုယ်ခံအား နည်းနေတဲ့အချိန်မှာ ရောဂါပိုးတွေ ဝင်နိုင်ခြေ အများဆုံးပါပဲ။ခံနိုင်ရည်လည်း မရှိပါဘူး။ကိုယ့်အတွက်ရော မိသားစုအတွက်ရော ဂရုစိုက်ရင်း အားရှိအောင် များများစားရပါမယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေမယ့် အစားအစာတွေ ရွေးချယ်စားသောက်တတ်ဖို့အတွက် အကြံပေးချင်ပါတယ်။
ကျန်းမာအောင် ကိုယ်ခံအားကောင်းအောင် protein နဲ့ vitamins မျိုးစုံပါအောင် စားသင့်ပါတယ်။
ခန္ဓာကိုယ် အားရှိဖို့ protein ဓာတ်လိုပါတယ်။
protein ကြွယ်ဝသော အစားအစာများ
🌞အသား,ငါး,ကြက်ဥ,ပဲနီလေး,စားတော်ပဲ။
Vit A ကြွယ်ဝသော အစားအစာများ
🌞 ကန်စွန်းဥ,မုန်လာဥ,တူနာငါး,ဟင်းနုနွယ်,ဆလပ်ရွက်
Vit B ကြွယ်ဝသော အစားအစာများ
🌞ကြက်ဥပြုတ်,ထောပတ်သီး,မြေပဲ,တို့ဟူး,Oat ဂျုံမှုန့်
Vit C ကြွယ်ဝသော အစားအစာများ
🌞ရှောက်သီး,ပန်းဂေါ်ဖီစိမ်း,လိမ္မော်သီး,စတော်ဘယ်ရီသီး,ခရမ်းချဉ်သီး,သဘော်သီး
Vit D ကြွယ်ဝသော အစားအစာများ
🌞နေရောင်ခြည်,နို့,ဒိန်ချဉ်,salmon ငါး,cheese,ဥအမျိုးမျိုး
Vit E ကြွယ်ဝသော အစားအစာများ
🌞သံလွင်ဆီ,အုန်းဆီ,နေကြာဆီ,ကိုက်လန်,ဗာဒံသီး,မြေပဲ
Vit K ကြွယ်ဝသော အစားအစာများ
🌞ကညွတ်,ပန်းဂေါ်ဖီစိမ်း,မုန်ညင်းဖူး,ပဲတောင့်စိမ်း,ကီဝီသီး,ပန်းသီးအစိမ်းရောင် တို့ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျန်းမာပီး ကိုယ်ခံအားကောင်းချင်ရင် ဘာအစားမှ မရှောင်ပါနဲ့။ အစားအစာအားလုံးကို စားပါ။
အခုအချိန်မှာ အစားအသောက်က အရေးကြီးဆုံးပါပဲ။အာဟာရမပြည့်ပဲ ဆေးတွေပဲ ဖိသောက်နေမယ်ဆိုရင် ဘယ်ရောဂါကိုမှ ပျောက်အောင် ကုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အစားများများစားပီး Covid ကို အနိုင်တိုက်ကြမယ်။
