COVID-19 တတိယလှိုင်း စဖြစ်ကတည်းက အမေးအများဆုံး မေးခွန်းကတော့ အနံ့ပျောက်ရင် ဘာဆေးသောက်ရမလဲ ဆိုတာပါပဲ

(၁) တချို့က လဲ အနံ့ပျောက်တာ ကို နှာစေးပျောက် ဆေး တွေ သောက် ကြတယ်။ နှာစေးလို့သောက်ရင် အကျိုးရှိပေမယ့် အနံ့ပျောက်တဲ့ အချိန်သောက်တာ ကတော့ ဘာမှ မထူးပါဘူး။

(၂) ဒါဆိုအားဆေး တွေကရော – အခု ခေတ်စားနေတဲ့ zinc အားဆေး ကလဲ အနံ့ပြန်ရဆေးမဟုတ်ပါ။ စာတမ်းတွေလဲ မရှိပါဘူး။

(၃) ဒါဆို အစားအသောက်တွေ ထဲ ကရော – အာဟာရ ပြည့်အောင် စားပါ။ အနံ့မရလဲ၊ အရသာမရှိလဲ အစာကို ဆေးလို့ သဘောထားပြီး ပါးစပ်ထဲ ရအောင်ထည့်ပါလို့ တကိုယ်ကောင်းဆန်စွာ ပြောပါရစေ။ ဒါက ရောဂါ ကို တိုက်ထုတ်နိုင်ဖို့ပါ။ အနံ့ ပြန်ရစေတဲ့ အစားအစာဆိုတာမရှိပါ။ အနံ့ပျောက် ရင် ဘယ်လောက် ကြာလဲ ဆိုတော့ ၂ လ အထိ ကြာတတ်ပါတယ်။ တချို့ စာတမ်းတွေ မှာ ၆ လ အထိ ကြာဖူးတာ တွေ့ဖူးတယ် လို့ ရေးထားပါတယ်။ တချို့ကြတော့လဲ စိမ်းရွှင်ရွှင် အနံ့ကြီး ပဲ ရတာ မျိုး ဖြစ်တတ်ပါတယ်။

ကိုဗစ်ရောဂါ က တကယ်ဆန်းကြယ်ပါတယ်။ ဟာသအနေနဲ့ ပြောရရင် တော့ အနံ့ပြန်ရတဲ့ ဆေးဆိုတာ “ကော်နီ ဆိုတဲ့ “ဆေး” သီချင်းထဲ ကလို” အခုထိ မရှိသေးပါဘူး။ ဒါကြောင့် မလိုအပ်ပဲ ပိုက်ဆံ အကုန်အကျ မခံ ကြဖို့ အကြံပေးချင်ပါတယ်။