🍲 လူတစ်ယောက် နေမကောင်းဖြစ်ရင် 𝐂𝐚𝐭𝐚𝐛𝐨𝐥𝐢𝐬𝐦 (ဇီဝကမ္မပျက်နှုန်း) များတာကြောင့် 𝐂𝐚𝐫𝐛𝐨𝐡𝐲𝐝𝐫𝐚𝐭𝐞 (ကစီဓါတ်) နဲ့ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ပုံမှန်ထက် ပိုလိုအပ်ပါတယ်၊ ရောဂါတိုက်ထုတ်ဖို့အတွက်တော့ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐀, 𝐂, 𝐄, 𝐙𝐢𝐧𝐜 နဲ့ 𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬 (ဗီတာမင် အေ, စီ, အီး, ဇင့် နဲ့ ဒိန်ချဉ်မှရသော ပရိုဘိုင်အိုတစ်) လိုပါတယ်
🍲 ကြက်ဥစားခိုင်းတယ်ဆိုတာ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ရဖို့အတွက်ပါ
တကယ်က ကြက်ဥမှ မဟုတ်ပါ၊ ဘဲဥ၊ ငုံးဥလဲ ရပါတယ်
🍲 စားတော်ပဲ၊ ပဲနီလေး၊ ပဲလိပ်ပြာ၊ ပဲပြား၊ ကုလားပဲ၊ မြေပဲ၊ ဘာပဲဖြစ်ဖြစ်ပါ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) တွေပါပဲ
အဖတ်မဝါးနိုင်ရင် ပဲနို့ရည်တိုက်လို့ရသလို ပဲနီလေးကို နူးနေအောင် ကျိုချက်တိုက်လို့ ရပါတယ်
🍲 ကြက်ဥ ၁လုံး ၂၀၀ × ၄လုံး = ၈၀၀ ဆို အသား ၈၀၀ဖိုး ဝယ်စားရင် ပိုတောင်ကောင်းပါသေးတယ်
အသား/ငါး ဘယ်ဟာဖြစ်ဖြစ် 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ရပါတယ်
ငါးလေးအိုးကပ်ချက်တဲ့ ငါးသေးသေးလေးတွေဆို စျေးလဲသက်သာပြီး 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) တင် မကဘူး၊ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 (ဗီတာမင် ဒီ) ဓါတ်တောင် ပါပါသေးတယ်
🍲 ဂျုံ/မုယောစပါး၊ ကွေကာအုပ်လို အနှံ(𝐆𝐫𝐚𝐢𝐧𝐬) တွေကလဲ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ရပါတယ်
🍲 သီဟိုစေ့၊ ဗာဒံစေ့ နဲ့ ထောပတ်သီးမှာလဲ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ပါပါတယ် (𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐄 နဲ့ 𝐙𝐢𝐧𝐜 တောင် အပိုပါသေး)
🍲 နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလဲ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) ပါပါတယ်
🍲 ကြက်ဥအကာပဲစား၊ အနှစ်မစားနဲ့ 𝐂𝐡𝐨𝐥𝐞𝐬𝐭𝐞𝐫𝐨𝐥 (ကိုလက်စထရော) တက်လိမ့်မယ်ဆိုတာ ရွေးချယ်စရာရှိတဲ့ အနေအထားမှာတော့ မှန်ပါတယ်၊ ငွေကြပ်တည်း၊ ချွေတာနေရသူတွေ ကြက်ဥအနှစ်တွေ မလွှတ်ပစ်ပါနဲ့၊ 𝐄𝐧𝐞𝐫𝐠𝐲 (စွမ်းအင်) ရပါတယ်
🍲 နိဂုံးချုပ်ရရင် အသား/ပဲ/ဥ/အနှံ – လေးမျိုးလုံးမှာ ပါတဲ့ 𝐏𝐫𝐨𝐭𝐞𝐢𝐧 (အသားဓါတ်) က သိပ်မကွဲပြားပါဘူး။
မူရင်းရေးသားသူ: Dr.Ni


