breathingexercise

၁။ ဘယ်လိုလူတွေ လုပ်သင့်လဲ

  • အသက်ရှုရခက်ခဲပြီး မောနေတဲ့သူတွေ
  • သွေးတွင်းအောက်ဆီဂျင်ဓာတ် ၉၄%အောက် ရောက်နေတဲ့သူတွေ

၂။ ဘယ်လိုလူတွေ မလုပ်သင့်ဘူးလဲ။

  • ကိုယ်ဝန်ဆောင်မိခင်တွေ
  • နှလုံးရောဂါအခံရှိသူတွေ
  • ပေါင်ရိုး(သို့)တင်ပါးဆုံရိုးကျိုးထားတဲ့လူနာတွေ

၃။ လိုအပ်သောပစ္စည်းများ

  • ခေါင်းအုံး‌ ၄-၅လုံးခန့်

၄။ ပြုလုပ်ရမည့် လေ့ကျင့်ခန်း

  • လေ့ကျင့်ခန်းအနေအထားတခုကို အလွန်ဆုံး မိနစ်သုံးဆယ်ခန့်သာ ပြုလုပ်ပေးရပါမည်။

(က) မှောက်လျက်အနေအထား

  • လည်ပင်းအောက်တွင် ခေါင်းအုံးတလုံး
  • ရင်ဘတ်အောက်နှင့် ပေါင်ရင်းအောက်တွင် ခေါင်းအုံးတလုံး
  • ခြေသလုံးအောက်တွင် ခေါင်းအုံးနှစ်လုံးထားပါ။
  • လေကို ရှုသွင်းရှုထုတ်လုပ်ပါ။

(ခ) ညာဘက်စောင်းအနေအထား

  • သက်သောင့်သက်သာအနေအထားဖြင့် ညာဘက်သို့စောင်း၍ လှဲပြီး လေကို ရှုသွင်းရှုထုတ်လုပ်ပါ။

(ဂ) ကျောမှီအနေအထားဖြင့်နေခြင်း

  • ကျောတွင် ခေါင်းအုံးများခုပြီး သက်သောင့်သက်သာ မှီ၍ လေကို ရှုသွင်းရှုထုတ်လုပ်ပါ။

(ဃ) ဘယ်ဘက်စောင်းအနေအထား

  • သက်သောင့်သက်သာအနေအထားဖြင့် ဘယ်ဘက်သို့စောင်း၍ လှဲပြီး လေကို ရှုသွင်းရှုထုတ်လုပ်ပါ။

(င) မှောက်လျက်အနေအထားသို့ ပြန်သွားပါ။

၅။ သတိထားရမည့်အချက်များ

  • အစာစားပြီးနောက် တနာရီခန့်ကြာမှ အသက်ရှုလေ့ကျင့်ခန်း လုပ်ပါ။
  • လူနာသက်သောင့်သက်သာဖြစ်စေရန် ခေါင်းအုံးများကို လိုသလို အနေအထား ပြုပြင်ပေးပါ။