tele

Tele_Consultation hotlines

‼️ 09757521712 ‼️09757521713 ‼️
မနက် ၉ နာရီမှ ညနေ ၆ နာရီ အတွင်း

🔺သမားတော်
🔺ခွဲစိတ်ဆရာဝန်
🔺ကလေးအထူးကုဆရာဝန်
🔺သားဖွားမီးယပ် အထူးကုဆရာဝန်
🔺သွားဆရာဝန်
🔺အရိုးအထူးကုဆရာဝန်
🔺နား၊ နှာခေါင်းလည်ချောင်းဆရာဝန်
🔺စိတ်ရောဂါကုဆရာဝန်
🔺အရေပြားရောဂါ အထူးကုဆရာဝန်
🔺ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်
🔺ကင်ဆာအထူးကုဆရာဝန်
🔺သွေးရောဂါအထူးကုဆရာဝန်ကြီး များမှ

အတိုင်ပင်ခံ ဆွေးနွှေးကုသ အကြံဉာဏ်ပေးလျက်ရှိပါတယ်။
” ရန်ကုန်အခြေပြု အဖွဲ့အစည်းဖြစ်ပေမယ့်လဲ .. တစ်တိုင်းပြည်လုံး တောရော မြို့ပါမကျန် မည်သည့်လူနာမဆို ဆက်သွယ် အကြံဉာဏ်တောင်းယူနိုင်ပါတယ် ။ “”

ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတဲ့ ပြည်သူတွေ အတွက်ပဲ ကျွန်တော်တို့ရှိနေတာပါ။ ဆက်သွယ်ပေးကြပါ။ ကူညီဖို့ရန်အသင့်ဖြစ်ပါကြောင်း ထပ်လောင်းပြောကြားလိုပါတယ် ။

Yangon Medical Network


အခမဲ့Onlineဆေးခန်းများ
၁) တယ်လီ ကျန်းမာ
၂) Dr.P Free Medical Consultation

ယခုလို ဆေးရုံဆေးခန်းသွားရ ခက်ခဲနေသည့်အချိန်တွင် မိမိကျန်းမာရေး ဆွေးနွေးလိုသောရောဂါများအကြောင်းနှင့် COVID-19 နှင့်ပက်သက်၍ သိလိုသောအကြောင်းအရာများကို page messenger တွင် message ချန်၍ အခမဲ့ မေးမြန်းနိုင်ပါတယ်ရှင့်

online တွင်ရှိနေသည့် page admin ဆရာဝန်များက အလျင်မြန်ဆုံးဖြေကြားပေးပါမယ်

မေးမြန်းရာတွင် ….

📍ယခုခံစားနေရသော ရောဂါဝေဒနာ နှင့်အချိန်ကာလ
📍လူနာ၏အသက်
📍ရောဂါအခံ( သွေးတိုး, ဆီးချို, နှလုံးရောဂါ, ကျောက်ကပ်ရောဂါ အစရှိသဖြင့်) ရှိ/မရှိ
📍စွဲသောက်နေသည့်ဆေးများ (မြန်မာဆေး , အင်္ဂလိပ်ဆေး)
📍ဆေးလိပ်သောက်သုံးခြင်းရှိ/ မရှိ
📍အရက်သောက်သုံးခြင်းရှိ/မရှိ
တို့ကို ထည့်သွင်းမေးမြန်းပေးစေလိုပါသည်
ဒါမှသာ အမြန်ဆုံး ပြန်လည်ဖြေကြားပေးနိုင်မှာမလို့ပါရှင်

၃) ကိုယ်စိတ်ကျန်းမာ

ကျန်းမာရေးအတွက် မေးမြန်းလိုပါက အခမဲ့မေးမြန်းနိုင်ရန် ယခု Page မှ စီစဉ်ပေးထားပါတယ်။အထူးကု သမားတော်များ၊ အထွေထွေရောဂါကု ဆရာဝန်များက ဖြေဆိုပေးသွားမှာ ဖြစ်ပြီး ဖျားနာ ဆီးချို သွေးတိုး နှလုံး အဆုတ် အသည်း ကျောက်ကပ် ဦးနှောက် အာရုံကြော ဟော်မုန်း စသည့်ရောဂါများ အတွက် အဓိကမေးမြန်းနိုင်ပါတယ်။ သောက်ဆေးပေးလို့ရ‌သည့် အနေအထားများအတွက် ဆေးညွှန်ကြားပေးမှာ ဖြစ်သလို ထိုးဆေးဖြင့်ကုသရန်လိုပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ သွားရန် ညွှန်ကြားပေးပါမယ်။ယခု Page chat box တွင် မေးမြန်းထားရန် ဖြစ်ပါတယ်။ မေးမြန်းလိုသည်ကို တန်းမေးထားနိုင်ပါတယ်။ ဆရာ ဆရာမ များမှ အဆင်ပြေသလို တတ်နိုင်သရွေ့ စောလျင်စွာ ဖြေဆိုပေးပါမယ်။ Font အခက်အခဲ ကြောင့် Unicode နှင့်သာ မေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

၄) စု အခမဲ့ဆေးခန်း – 24/7 Online Clinic

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ သည် တတိယလှိုင်း အနေဖြင့် ဆိုးရွားစွာ ပြန်နှံ့နေလျက်ရှိနေပါတယ်။ ပြည်သူများအနေဖြင့် လက်ရှိအနေအထားအရ အခက်အခဲ များစွာ ရှိနေသောကြောင့် ‘ စု ဆေးခန်း 24/7 online clinic ‘ ကို ဖွင့်လိုက်ရခြင်း ဖြစ်ပါတယ်။ လတ်တလော ကူးစက်ပြန့်ပွားနေသော COVID-19 ရောဂါ၊ ရာသီတုပ်ကွေး၊ နှင့် အခြား ရောဂါများကို စုဆေးခန်း ရှိ ဆရာဝန်များ မှ ပြည်သူများအား messenger မှ 24 နာရီ ဆွေးနွေးတိုင်ပင်ပေးသွားပါမည်။

၅) Health Care Service By Nay & Me

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ ဆေးရုံ ဆေးခန်း သွားရန် ခက်ခဲသူ များ , အရေးပေါ်အခြေအနေများအတွက် ကုသရန် လိုအပ်သည့် ညွှန်ကြားမှုများ အတွက် Page Chat Box မှာ ကျန်းမာရေး စောင့်ရှောက်မှု့ ( ကျန်းမာရေးနှင့်ပတ်သက်သမျှ သိလိုရာ မေးမြန်းနိုင်ပါသည် ) အခမဲ့ မေးမြန်းနိုင်ပါသည်ရှင်
Dr.Nay Linn
M.B.,B.S (အထွေထွေရောဂါကု ဆရာဝန် )မှ ဖြေကြားပေးပါမည်ရှင်